Sunday, June 23, 2019

MIU အသင်း အာဆီယံဖူဆယ်ကလပ် အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်ကို ရှုံးနိမ့်

အာဆီယံဖူဆယ်ကလပ်  ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ တွင် MIU အသင်းသည် ဗီယက် နမ်ကလပ် နာတက်အသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ကာဗိုလ် လုပွဲနှင့် လွဲချော်ခဲ့သည်။ ဇွန်လ ၂၂ ရက်ကထိုင်းနိုင်ငံ ကိုရတ်မြို့၌ ကျင်းပသည့် အာ ဆီယံဖူဆယ်ကလပ် အကြိုဗိုလ် လုပွဲပထမပွဲစဉ်တွင် MIU အ သင်းနှင့် နာတက်အသင်းတို့ အ ကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ယင်းပွဲတွင် MIU အသင်းသည် ခံ စစ်ပိုင်းအမှားများကာ နာတက် အသင်း၏ ဖိအားပေးကစားခြင်း ကို ခံခဲ့ရသည်။ နာတက်အသင်း က တိုက်စစ်ပိုင်း ခြေစွမ်းပြနိုင်ပြီး ပထမပိုင်းတွင်သုံးဂိုး၊ ဒုတိယပိုင်း တွင်သုံးဂိုး ထပ်မံသွင်းယူကာ ပွဲ အပြီး၌ MIU အသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။



ယင်းပွဲရှုံးနိမ့်ပြီး ဗိုလ်လုပွဲ နှင့် လွဲချော်ခဲ့သဖြင့်အားပေးသည့် ပရိသတ်များကို တောင်းပန် ကြောင်း MIU အသင်း  တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘ဒီနေ့ပွဲမှာ တစ်သင်းလုံးအ ကောင်းဆုံး ကြိုးစားခဲ့ပေမယ့် မ ထင်မှတ်ဘဲ ဂိုးတွေပေးလိုက်ရတဲ့ အတွက် ရှုံးနိမ့်ခဲ့ပါတယ်။ အခုလို  ရှုံးနိမ့်ခဲ့တဲ့အတွက် အားပေးတဲ့ ပရိသတ်တွေ အားလုံးကို အနူး အညွတ်တောင်းပန်ပါတယ်။ ဒီ နေ့ပွဲရဲ့အရှုံးကိုမေ့ပြီး ပရိသတ်အ တွက် လာမယ့်တတိယလုပွဲကို တော့  အကောင်းဆုံးရလဒ်ရ အောင် ကြိုးပမ်းသွားပါမယ်’’ ဟု ၎င်းက ပြောသည်။

အာဆီယံဖူဆယ်ကလပ် အ ကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်တွင်  ထိုင်းကလပ်ချောင်ဘူရီက ကမ္ဘော ဒီးယားကလပ် ဒေါင်းတောင်း စပေါ့အသင်းကို ၁၇-၀ ဂိုးဖြင့် အ နိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။ ၂၀၁၉ အာဆီယံ ဖူဆယ်က လပ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယ လုပွဲကို ဇွန်လ ၂၃ ရက်တွင် ကျင်း ပမည်ဖြစ်သည်။ ဗိုလ်လုပွဲတွင် ထိုင်းကလပ် ချောင်ဘူရီနှင့် ဗီ ယက်နမ်ကလပ် နာတက်အသင်း တို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး MIU အ သင်းနှင့် ဒေါင်းတောင်းစပေါ့အ သင်းတို့ တတိယလုပွဲ ယှဉ်ပြိုင် မည် ဖြစ်သည်။

No comments:

Post a Comment