Sunday, June 23, 2019

ကယားတွင် မြေယာအငြင်းပွားမှု သတင်းထောက်သုံးဦး အပါအဝင် ၅၆ ဦးကို အမှုဖွင့်

ကယားပြည်နယ်အ တွင်း တပ်သိမ်းမြေယာအငြင်းပွား မှုများနှင့်ပတ်သက်၍ တပ်မတော် က သတင်းထောက် သုံးဦးနှင့် တောင်သူများအပါအဝင် စုစု ပေါင်း ၅၆ ဦးကို သက်ဆိုင်ရာရဲ စခန်းများ၌ အမှုဖွင့်ထားသည်။ ဇွန်လ ၂၁ ရက်ကလွိုင်ကော် မြို့နယ် ဒေါမူကလားကျေးရွာ  တပ်သိမ်းမြေ အငြင်းပွားမှုတွင် ပါဝင်သည်ဆိုကာ ဒေသခံတောင် သူတစ်ဦးနှင့် ပြည်နယ်လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ အဖွဲ့ဝင် တစ်ဦးတို့ကို ရဲတပ်ဖွဲ့က သန်းခေါင်အချိန်၌ လာရောက် ဖမ်းဆီးခဲ့ကြောင်း ကရင်နီပြည် တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဋ္ဌခူးတူရယ်က ပြောသည်။



လက်ရှိတွင် ၎င်းတို့နှစ်ဦးကို  လွိုင်ကော်မြို့မရဲစခန်းတွင် တပ် မတော်က ပြည်သူပိုင်ပစ္စည်းဖျက် ဆီးမှု ပုဒ်မ၆ (၁) ဖြင့် အမှုဖွင့်ဖမ်း ဆီးထားကြောင်း ခူးတူရယ်က ဇွန်လ ၂၂ရက် ညနေ ၆ နာရီခွဲခန့် တွင် ပြောသည်။

‘‘မနေ့ည သန်းခေါင်မှာ တောင်သူတို့ကို ရဲအင်အားအလုံး အရင်းနဲ့ လာဖမ်းသွားတယ်။ တစ် ယောက်ကတောင်သူ၊ တစ် ယောက်ကပြည်နယ် လွှတ်တော် ရေးရာကော်မတီဝင်။ အခုသူတို့ ကို လွိုင်ကော်ရဲစခန်းမှာပဲ ချုပ် ထားတယ်’’ ဟု ၎င်းက ရှင်းပြ သည်။

 အဆိုပါကိစ္စနှင့်ပတ်သက်၍ လွိုင်ကော်မြို့မရဲစခန်းထံ ဇွန်လ ၂၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဖုန်းအကြိမ်ကြိမ် ဆက်သွယ်မေး မြန်းရာ ဆက်သွယ်မရပေ။

ထို့အပြင် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာ တပ်သိမ်းမြေ အငြင်းပွားမှု ဖြစ်စဉ်နှင့်ပတ်သက် ၍ သတင်းထောက်သုံးဦးအပါအ ၀င် တောင်သူ ၁၂ ဦးကို နယ်မြေခံ တပ်မတော်တပ်ရင်းက လူပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှု ဥပဒေပုဒ်မ ၁၀/ ၁၂ ဖြင့်လည်းကောင်း၊ ပိုင် နက်ကျူးလွန်မှုဖြင့် တောင်သူ ၃၆ ဦးနှင့် အကျိုးဖျက်ဆီးမှုဖြင့် တောင်သူ ခြောက်ဦးကိုလည်း ကောင်း အမှုဖွင့်ထားသည်။

ယင်းသို့ တပ်မတော်၏ အမှု ဖွင့် တိုင်ကြားမှုနှင့်ပတ်သက်၍ ဒီး မော့ဆိုမြို့မရဲစခန်းသို့ဆက်သွယ် ရာစခန်းမှူး အပြင်ရောက်နေသ ဖြင့် ဖြေကြားခြင်း မပြုနိုင်သေး ကြောင်း တာဝန်ကျရဲအရာရှိတစ် ဦးက ဇွန်လ ၂၂ရက် ညနေ ၅ နာရီခွဲခန့်တွင် ပြောသည်။

ထိုသို့ တပ်မတော်က အမှု ဖွင့်ခံရမှုတွင်ပါဝင်သည့် DVB သတင်းထောက် မနိုရင်းထံ ဆက် သွယ်မေးမြန်းရာ တပ်မတော်က  အမှုဖွင့်ထားကြောင်း သိရသော် လည်း လက်ရှိအချိန်အထိ ၎င်းထံ တရားဝင် အသိပေးအကြောင်း ကြားခြင်းမရှိသဖြင့် အသေးစိတ် ပြောကြားလိုခြင်းမရှိကြောင်းပြောသည်။

သတင်းထောက်သုံးဦးအား  တပ်မတော်က အမှုဖွင့်အရေးယူ ခြင်းနှင့်ပတ်သက်၍ ဇွန်လ ၂၂ ရက်က နေပြည်တော်၌ ပြုလုပ် သော တပ်မတော်သတင်းစာရှင်း လင်းပွဲ အခမ်းအနားတွင် တပ်မ တော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ‘‘ဖြစ်စဉ်ကို သိတယ်။ သတင်းသမားတွေကို  တရားစွဲထားတယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ကျွန် တော်တို့ဆီက ညွှန်ကြားချက်မရှိ ဘူး။ နယ်မြေခံတပ်က တရားစွဲ တာပါ’’ ဟု ပြောသည်။ လက်ရှိတွင် တပ်မတော်က ကယားပြည်နယ်ရှိ တောင်သူ လယ်သမားများအပေါ် ပုဒ်မအ မျိုးမျိုးဖြင့် တရားစွဲဆိုနေခြင်းမှာ လမ်းကြောင်းအမှန် မဟုတ်ဘဲ အာဏာကို အလွဲသုံးစား လုပ် ဆောင်နေသည်ဟု ရှုမြင်ကြောင်း ကရင်နီပြည် တောင်သူလယ်သ မားသမဂ္ဂဗဟိုကော်မတီက ဇွန် လ ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

No comments:

Post a Comment