Sunday, June 23, 2019

အိန္ဒိယတွင် ဦးနှောက်ရောင်ရောဂါကြောင့် လူ ၁၀၀ ကျော် သေဆုံး

ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါ ကြောင့် ဘီယာပြည်နယ်မူဇာဖာပါမြို့တွင် လူ ၁၀၀ ကျော် သေဆုံး ခဲ့ကြောင်း အိန္ဒိယအရာရှိများက ပြောကြားသည်။ ပြင်းထန်သော ဦးနှောက်ရောင်ရောဂါပျံ့နှံ့နေကြောင်း အိန္ဒိယအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကျန်းမာရေးဝန်ကြီး ဌာနနှင့် ဘီယာပြည်နယ်အစိုးရကို အသိပေးထားသည်။ ယခုအချိန် ထိ လူ ၁၀၃ ဦး သေဆုံးသော ယင်းရောဂါပျံ့နှံ့မှုအတွင်းကလေး အများစု နာမကျန်းဖြစ်ခဲ့ကြောင်း အရာရှိများက ပြောသည်။



ကလေးငယ်များ သေဆုံးခြင်းသည် သွေးထဲတွင် သကြားဓာတ် လျော့နည်းမှုကြောင့်ဟု ကျန်းမာရေးအရာရှိများက ပြောကြားပြီး ယင်းဒေသ၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသည့် လိုက်ချီးသီးကြောင့် ယင်းရောဂါဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ပြောကြားသည်။ ယင်း လိုက်ချီးသီးတွင်အသည်း၌ အနည်ထိုင်သည့် အဆိပ်တစ်မျိုးပါဝင် ကာ အပူချိန်မြင့်မားနေချိန်အတွင်း အဆိပ်ထုတ်လွှတ်ကြောင်း အ ကြီးတန်းကျန်းမာရေးအရာရှိ ဆန်ဂျေးကူးမားက ပြောသည်။

သေဆုံးမှုမြင့်တက်ခြင်းသို့ ဦးတည်ခဲ့သောကာ ကွယ်ဆေးပေး မှုအတွင်း ချွတ်ယွင်းချက်ရှိကြောင်း လူ့အခွင့်အရေးကော်မရှင်က ထောက်ပြထားသည့် ကာကွယ်ဆေးသာမဟုတ်ဘဲ ယင်းရောဂါဆိုး ၏ သားကောင်များ မဖြစ်စေရေး ကလေးငယ်များ သန့်သန့် ရှင်းရှင်းနေထိုင်ခြင်းကဲ့သို့ ကြိုတင်ကာကွယ်ရေးအစီအစဉ်များ အားလုံးလိုအပ်ကြောင်း ယင်းကော်မရှင်၏ကြေညာချက်တစ်ရပ်၌ ဖော်ပြသည်။

ယင်းဦးနှောက်ရောင်ရောဂါကြောင့် စိတ်ရှုပ်ထွေးခြင်း၊ စိတ် ကယောင်ချောက်ချားဖြစ်ခြင်း၊ လေသင်တုန်းဖြတ်ခြင်း၊ အာရုံခံနိုင် စွမ်းမရှိခြင်း၊ မျက်နှာ (သို့မဟုတ်) ခန္ဓာကိုယ်အချို့နေရာများတွင် အကြောသေခြင်း၊ ကြွက်သားအားနည်းခြင်း၊ စကားပြောရာတွင် နားထောင်ရာ၌ ပြဿနာရှိခြင်း၊ သတိလစ်ခြင်းတို့ကဲ့သို့ ရောဂါ လက္ခဏာများစွာဖြစ်နိုင်ကြောင်း Mayo Clinic ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းက ဖော်ပြသည်။

No comments:

Post a Comment