Sunday, June 23, 2019

ပြည်​​ဆေးရုံကြီးတွင် သုံးရက်​အတွင်း H1N1​ရောဂါရှိသူတစ်​ဦး​နှင့်သံသယလူနာနှစ်​ဦး​တွေ့ရှိ

ပဲခူးတိုင်းဒေသကြီး ပြည်​မြို့ ကုတင်(၅၀၀)​ဆေးရုံကြီးတွင် ဇွန်​လ ၂၀ရက်​​နေ့၌ H1N1​ရောဂါ positiveရှိသူတစ်​ဦး​တွေ့ရှိပြီး ဇွန်​၂၁နှင့် ၂၂ ရက်​ ​တို့တွင်​ H1N1​ရောဂါ သံသယရှိသူ နှစ်​ဦးထပ်​မံ​ရောက်​ရှိလာ​ကြောင်း သိရှိရသည်​ ။ ပြည်​မြို့ ရွာဘဲရပ်​ကွက်​​နေ အသက်​၇၂နှစ်​ ရှိ​ဒေါ်ချို သည်​ ဗိုက်​​အောင့်​​ရောဂါ​ကြောင့်​​ဆေးရုံတက်​​ရောက်​ကုသစဉ်​ H1N1 ​ရောဂါသံသယရှိသည့်​အတွက်​ ဓာတ်​ခွဲခန်း၌စစ်​​ဆေးခဲ့ရာ ​ရောဂါ ပိုး​တွေ့ရှိ​ကြောင်း သတင်းထုတ်ပြန်​ခဲ့သည်​။
ပေါက်​​ခေါင်းမြို့နယ်​ ​ပေါက်​​ခေါင်းမြို့ အမှတ်​ ၂ရပ်​ကွက်​ နဝ​ဒေလမ်း​နေ အသက်​၅၆နှစ်​ရှိ ဦးသိန်းထွန်းသည်​ ​ပေါက်​​ခေါင်းမြို့ နယ်​ပြည်​သူ့​ဆေးရုံကြီးမှတစ်​ဆင့်​ ပြည်​ဆးရုံကြီးသို့်​ H1N1သံသယရှိလူနာ အဖြစ်​​ရောက်​ရှိလာ​ကြောင်းနှင့်ပြည်​မြို့ဆံ​တော်​ရပ်​ကွက်​ သ​င်္ဘော ဆိပ်​လမ်း​နေ အသက်​၃၀နှစ်​ရှိ​တောင်​လည်​(အ.လ.က)မှအလယ်​တန်းပြဆရာမ တစ်​ဦး သည်​​လောကပါလ ပုဂ္ဂလိက ​ဆေးရုံမှ သံသယလူနာအဖြစ်​ ​ရောက်​ရှိပြီး ​ဆေးရုံဓာတ်​ခွဲခန်း၌ စစ်​​ဆေးကြည့်​ရှုရာ ​ရောဂါ မ​တွေ့ရှိ​သော်​လည်း ​ရောဂါ လက္ခဏာ ​တွေ့ရှိ​ကြောင်း အဆိုပါ​ဆေးရုံမှသိရှိရသည်​။

အဆိုပါလူနာနှစ်​ဦး၏လည်​ပင်းနှင့်​နှာခေါင်းမှအရည်​များအား ရန်​ကုန်​မြို့ အမျိုးသားဓာတ်​ခွဲဌာနသို့ ပို့​ဆောင်​စစ်​​ဆေးရန်​စီစဉ်​ထားပြီး ​ရောဂါ ပိုး​တွေ့ရှိသည့်​ ​ဒေါ်ချို သံသယရှိလူနာ နှစ်​ဦးတို့အား ကူးစက်​​ဆောင်​၌ သမား​တော်​ကြီးများမှ အထူးကြပ်​မတ်​ ကုသလျက်​ရှိပြီးအခြား​ရောဂါများဖြင့်​တက်​​ရောက်​ကုသ​နေသူများ လူနာ​စောင့်​များအား ရာသီတုပ်​​ကွေး​ရောဂါH1N1နှင့်​ပတ်​သက်​​သော အသိပညာ​ပေးလုပ်​ငန်းများ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း ဒု​တိယဆေးရုံအုပ်​ကြီး​ဒေါက်​တာသီတာစိုးထံမှသိရှိရသည်​။ ဇွန်​၂၂ရက်​ည​​နေ ၆နာရီခန့်​၌ H1N1 အသိပညာ​ပေး လုပ်​ငန်းကို ပြည်​မြို့ရှိ အဖြူ​ရောင်​ လူငယ်​ပရဟိတအဖွဲ့၊ မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီ၊ ပရဟိတ ပါရမီလူမှုကူညီကယ်​ဆယ်​​ရေးအသင်း၊ မိုး​မေတ္တာနာ​ရေးကူညီမှုအသင်း တို့ပူး​ပေါင်းပြီး လက်​ကမ်းစာ​ဆောင်​​များ ​ဝေငှ​ပေးခဲ့​ကြောင်းသိရှိရသည်​။

No comments:

Post a Comment