Sunday, June 23, 2019

မော်တော်ယာဉ် အရောင်းစင်တာများ လိုက်နာရမည့်အချက်များ ထုတ်ပြန်

 မော်တော်ယာဉ်အ ရောင်းစင်တာများ မော်တော် ယာဉ်တင်သွင်းခြင်းနှင့် စပ်လျဉ်း ၍ လိုက်နာရမည့်အချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။ ၂၀၁၉ အတွက် သတ်မှတ် သည့် စည်းကမ်းချက်များအရ မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်မည့် ကုမ္ပဏီ၏ ဘဏ် စာရင်းတွင် အာမခံငွေအဖြစ် ကျပ်သိန်း ၁,၅၀၀ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ် ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းထားရမည်ဖြစ် သည်။ မော်တော်ယာဉ်တင်သွင်း ရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်းကာလအတွင်း ရန်ကုန်ဆိပ်ကမ်းအရောက် တင် သွင်းရမည်ဖြစ်ပြီး မော်တော် ယာဉ်ဥပဒေအရ နှစ်စဉ်အတည် ပြုထုတ်ပြန်သော မော်တော် ယာဉ်အမျိုးအစားနှင့် မော်ဒယ်နှစ် များအတိုင်းသာ တင်သွင်းရမည် ဟု ဇွန်လ ၁၀ ရက် ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။



မော်တော်ယာဉ်အရောင်း စင်တာဖွင့်လှစ်ခွင့်ရှိသည့် ကုမ္ပဏီအနေဖြင့် အရောင်းစင်တာအ တွက် ခွင့်ပြုထားသော တင်သွင်း ခွင့်လိုင်စင်ကို တစ်စုံတစ်ဦးသို့ လွှဲပြောင်းရောင်းချခြင်းမပြုရန် နှင့် အရောင်းစင်တာအတွင်း ၂ နှစ်အတွင်း မရောင်းရသော မော် တော်ယာဉ်များကိုဖြစ်စေ၊ လုပ် ငန်းရပ်ဆိုင်းပြီး ကျန်ရှိနေသော မော်တော်ယာဉ်များကိုဖြစ်စေ စာရင်းရှင်းလင်းခြင်း၊ မှတ်ပုံတင် ခြင်းကို ဆိပ်ကမ်းရောက်ရှိပြီး ၂ နှစ်အတွင်း အပြီးဆောင်ရွက်ရ မည်ဟု ထုတ်ပြန်သည်။

အရောင်းစင်တာ၏ အ ကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၉,၀၀၀ ရှိရမည်ဖြစ်ပြီး မော်တော်ယာဉ်အရောင်းစင်တာ တွင် ထားရှိရမည့် စာရွက်စာတမ်း၊ လယ်ဂျာစာရင်းစာအုပ် စသည် တို့ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကဖြစ် စေ၊ တာဝန်လွှဲအပ်သည့်အဖွဲ့ အစည်းကဖြစ်စေ ဝင်ရောက်စစ် ဆေးခြင်းကို သက်ဆိုင်ရာလုပ် ငန်းရှင်က ခွင့်ပြုရမည်ဟု ဖော်ပြထားသည်။ မော်တော်ယာဉ်အရောင်း စင်တာ ဖွင့်လှစ်မည့်နေရာ သတ် မှတ်ချက်သည် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ဆက်စပ်ဆောင်ရွက်မည့် တာဝန်ပေးအပ်ထားသော အဖွဲ့ အစည်းများ၏ အခါအားလျော် စွာ ထုတ်ပြန်သော စံနှုန်းသတ် မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဟု ထုတ်ပြန် ချက်က ဆိုသည်။

No comments:

Post a Comment