Sunday, June 23, 2019

အပစ်ရပ်ကာလတွင် ငြိမ်းချမ်းရေးအမှန်တကယ် ဆောင်ရွက်ရန် ဆန္ဒရှိ၊ မရှိ တပ်မတော်တာဝန်ရှိသူ မေးခွန်းထုတ်

အပစ်ရပ်ကာလ အတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်း ရေး အမှန်တကယ်ဆောင်ရွက် ရန် ဆန္ဒရှိ၊ မရှိတပ်မတော် သ တင်းမှန်ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌက မေးခွန်းထုတ်သည်။ အပစ်ရပ်ကာလသက်တမ်း ထပ်တိုး၊ မတိုး တိုင်းရင်းသား လက်နက်ကိုင်များ ဆောင်ရွက်မူ နှင့် ဆွေးနွေးမူရလဒ်များအပေါ် မူတည်သည်ဟု ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားသည်။



‘‘တကယ်ကော ငြိမ်းချမ်းရေး ကိုလုပ်ဖို့ ဆန္ဒရှိရဲ့လားဆိုတာ ပြန်ပြီးတော့ မေးခွန်းထုတ်ဖို့ ဖြစ် နေပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ အင်အား တည် ဆောက်တာတွေ၊ နယ်မြေတည် ဆောက်တာတွေ၊ ဆက်ကြေး ကောက်ခံတာတွေ၊ နောက်ပြည် သူလူထုအပေါ်မှာ အနိုင်ကျင့်တာ တွေ မဖြစ်ဖို့အတွက် အမြဲတမ်း  သတိပေးထားတာရှိပါတယ်။ ဒါ ကြောင့် ဒီသက်တမ်းတိုး၊ မတိုးက တော့ ဒီအပေါ်တွေမှာ ကြည့်ပြီး တော့မှ သူတို့ရဲ့လုပ်ငန်းနဲ့သူတို့နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ရင် ဆွေးနွေးပွဲ ရလဒ်အပေါ်မူတည်ပြီး ကျွန်တော် တို့ ဆောင်ရွက်မှာဖြစ်ကြောင်း ဖြေကြားလိုပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တပ်မတော်အနေဖြင့် ပြီးခဲ့ သည့် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ပထမ အကြိမ် အပစ်ရပ်ခဲ့ပြီး ယင်းနောက် ဇွန်လ ၃၀ ရက်ထိ နှစ်လထပ်မံ သက်တမ်းတိုးခဲ့သည်။
‘‘ဒီလို  ကျွန်တော်တို့ ဘာ ကြောင့်ပေးတယ်ဆိုတဲ့   အ ကြောင်းရင်းကိုလည်း ကျွန်တော် တို့အပြည့်အစုံ ဖော်ပြထားပြီးဖြစ် ပါတယ်။ ဒါကြောင့် အပစ်ရပ် ထားတဲ့ တိုင်းငါးတိုင်းထဲမှာ ရှိတဲ့ NCA ထိုးဖို့ကျန်နေတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေအ နေနဲ့ ဒီကာလထဲမှာ အမြန်ဆုံး လက်မှတ်ထိုးဖို့ ညှိနှိုင်းဆွေး နွေး နိုင်အောင်ဆောင်ရွက်ခြင်း ဖြစ်ပါ တယ်။ ဒါကို NRPC အနေနဲ့လည်း ဆောင်ရွက်နေပါတယ်’’ ဟု ၎င်း ကပြောသည်။ ထို့ပြင် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး နေရာအခက်အခဲကြောင့် မဆောင်ရွက်နိုင်သေးသည့် ကိစ္စရပ်များလည်း ရှိနေသည်ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။

No comments:

Post a Comment