Sunday, June 23, 2019

အမေရိကန်အထူးတပ်ဖွဲ့တပ်စုမှူး အီရတ်အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း တပ်ဖွဲ့ဝင်နှစ်ဦးထွက်ဆို

၂၀၁၇ ခုနှစ်တွင် အီရတ်နိုင်ငံ မိုဆူ၌ တာဝန်ထမ်းဆောင်စဉ်အတွင်း နေဗွီဆီးလ် အမေရိကန်ရေတပ် အထူးတပ်ဖွဲ့မှ တပ်စုမှူးသည် မိန်းကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးတို့ကို ကင်းစင်ပေါ်မှ ပစ်ခတ်ခဲ့ကြောင်း အထူးတပ်ဖွဲ့ဝင်နှစ်ဦးက ဇွန် ၂၁ ရက်တွင် ဆန်ဒီယေဂိုရှိ ရေတပ်ဌာနချုပ် စစ်ခုံရုံး၌ ထွက်ဆိုခဲ့သည်။ တပ်စုမှူး အက်ဒွပ် ဂယ်လာဂါ တာဝန်ကျနေသည့် ကင်းစင်ပေါ်မှ သေနတ်ပစ်သံကိုကြားခဲ့ရပြီး စနိုက်ပါမှန်ပြောင်းမှတစ်ဆင့်ကြည့်လိုက်ရာ အရပ်သားများ မြေပြင်သို့ လဲကျသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း အထူးတပ်ဖွဲ့ဝင်နှစ်ဦးက ထွက်ဆိုခဲ့သည်။



အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒယ်လ်တန် တိုဘတ်က ၎င်းနှင့် အခြားလက်ဖြောင့်သေနတ်သမားတစ်ဦးတို့သည် ဇွန် ၁၈ ရက်တွင် မိုဆူးရှိ ကင်းစင်ပေါ်၌ တာဝန်ထမ်းဆောင်နေပြီး တိဂရစ်မြစ်နားတစ်ဝိုက်တွင် အိုင်အက်စ်တပ်ဖွဲ့ဝင်များ ကျက်စားနေသဖြင့် အရပ်သားများ လူစုခွဲပြီး ထွက်သွားရန် ခြောက်လှန့်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အဖြူရောင်ဝတ်စုံဝတ်ထားသည့် အဘိုးအိုတစ်ဦးသည်လည်း သေနတ်သံကြောင့် ထွက်ပြေးခဲ့ရာ ယင်းနောက် ဂယ်လာဂါရှိနေသည့် ကင်းစင်ပေါ်မှ သေနတ်ပစ်သံကိုကြားလိုက်ရပြီးနောက် အဘိုးအိုလဲကျသွားခဲ့သည်။

ဂယ်လာဂါသည် ရေဒီယိုမှတစ်ဆင့်လည်း မင်းတို့လွဲသွားတာကို ငါမှန်အောင် ပစ်လိုက်ပြီ ဟုပြောဆိုခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။အသက် ၄၀ နှစ်အရွယ် ဂယ်လာဂါက အရပ်သားများကို ပစ်သတ်ခဲ့ကြောင်း ဝန်ခံခြင်းမပြုခဲ့ချေ။

ထို့ပြင် ဖမ်းဆီးထားသည့် အိုင်အက်စ်တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဓားဖြင့် ထိုးသတ်ခဲ့မှုဖြင့်လည်း ဂယ်လာဂါစွပ်စွဲခံထားရသည်။သို့သော် ဂယ်လာဂါ သေနတ်မောင်းခလုတ်ကိုဆွဲလိုက်သည်ကို မည်သည့်သက်သေကမျှ မြင်တွေ့ခြင်းမရှိခဲ့ကြောင်း ဂယ်လာဂါ၏ရှေ့နေများကပြောဆိုခဲ့သည်။

ဂယ်လာဂါကို ဖြုတ်ချနိုင်ရန် အုပ်စုလိုက်ကြိုးပမ်းနေကြောင်း ရှေ့နေ တင် ပါလာတိုးကပြောသည်။အခင်းဖြစ်ပွားခဲ့ပြီးနောက် တိုလ်ဘတ်သည် တပ်ရင်းသို့ပြန်လာပြီးနောက် ဂယ်လာဂါ၏အပြုအမူနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုကြရန် အထူးတပ်ဖွဲ့ အမှတ် ၇ မှ အခြားတပ်သားများကို တိုက်တွန်းပြောဆိုခဲ့သည်။

အခြားတစ်ရက်တွင်လည်း ဂယ်လာဂါသည် ဆယ်ကျော်သက်မိန်းကလေးအုပ်စုတစ်စုကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး၏ဝမ်းဗိုက်ထိမှန်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း အခြားသက်သေတစ်ဦးဖြစ်သည့် ဂျိုရှုယာ ဗရီယံစ်ကပြောဆိုခဲ့သည်။

No comments:

Post a Comment