Sunday, June 23, 2019

တညင်းကုန်းဈေးဟောင်းမှ ဈေးသည်ရာခိုင်နှုန်း ၇၀ ခန့် ဈေးသစ်သို့ပြောင်းရွှေ့ပြီးစီး

အင်အားရာ ချီဆန္ဒပြခဲ့သော တညင်းကုန်းဈေး ဟောင်းကိုပိတ်သိမ်းကာ ဈေးသစ် သို့ ဈေးသည်ရာခိုင်နှုန်း ၇၀ ခန့် ဇွန် ၂၁ ရက်က ပြောင်းရွှေ့ပေးခဲ့ ကြောင်း သိရသည်။ နံနက် ၅ နာရီ ၄၅ မိနစ်မှ စ၍ ဈေးဟောင်းမှ ဈေးသည်များ ဈေးသစ်သို့ ပြောင်းရွှေ့ခဲ့ပေးခဲ့ ခြင်းဖြစ်ကာ မပြောင်းရွေ့ရေးအ တွက်ဆန္ဒပြခဲ့သော ဈေးသည်တချို့ လည်း လိုက်ပါပြောင်းရွှေ့ခဲ့ကြောင်း တွေ့ရသည်။


ယနေ့ ဇွန် ၂၁ရက် မှ ၂၃ ရက်အထိ သုံးရက်အတွင်း အပြီး ပြောင်းရွှေ့ရန် စည်ပင်သာယာက ညွှန်ကြားထားခြင်းဖြစ်သည်။ "အန်တီတို့ကတော့ ပြောင်းဆို မှတော့ ပြောင်းရတော့မှာပေါ့၊ အ ဆင်ပြေ၊ မပြေတော့ စောင့်ကြည့် ရမှာပဲ " ဈေးရုံဘီမှ ငရုတ်သီးရောင်း ချသည့်ဈေးသည်တစ်ဦးက ဆိုသည်။ စည်ပင်သာယာ တာဝန်ရှိ သူများက ဈေးသစ်တွင်လည်း ဈေးဟောင်း၌ရရှိသည့် အခွင့်အ ရေးအပြည့်အဝရရှိမည်ဟု ပြော ကြားထားကြောင်း သိရသည်။

"အခုတော့ အားလုံးနီးပါး ပြောင်းပြီးသလောက်ရှိသွားပါပြီ၊ ၇၀ ရာခိုင်နှုန်းလောက်ရှိပါပြီ၊ သုံး ရက်အချိန်ပေးထားပြီး စည်ပင်သာ ယာက ဈေးသည်တွေနဲ့ပစ္စည်း တွေလုံခြုံရေးကို စောင့်ရှောက်ပေး ထားပါတယ်" ဟု အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ အ ဖွဲ့ဝင် (၁) ဦးလှိုင်မင်းက ပြောသည်။ ဒညင်းကုန်းဈေးဟောင်းတွင် ဆိုင် ခန်းပေါင်း တစ်ထောင့်တစ်ရာ နီးပါးခန့်ရှိပြီး လက်ရှိဈေးဟောင်း နေရာကိုသာ အဆင့်မြှင့်တင်ရန် ဈေးသည်များကလိုလားသည်။ဈေး သည်အင်အား ၅၀ဝ ကျော်က ဇွန် ၂၀ ရက်တွင် ဒညင်းကုန်းဈေးမှ အင်စိန်ဈေးရှိ ခရိုင်စည်ပင်ရုံးထိချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်။

"အဲဒီဈေးထဲမှာသွားရောင်း ပြီး အဆင်မပြေဖြစ်နေခဲ့တဲ့သူတွေ အများကြီးပါပဲ။အခုက ဒီဈေးကို လုံးဝပိတ်ပစ်မယ်ဆိုတော့လည်း ကျွန်တော်တို့က မတတ်သာလို့ ပြောင်းကြရတာပါ။ ဟိုမှာ အဆင် မပြေရင်တော့ ဘယ်သူတာဝန်ယူ မလဲဆိုတာ တစ်ခုတော့မေးချင်ပါ တယ်" ဟု တညင်းကုန်း (ခ)ရုံမှ ကုန်ခြောက်ရောင်းချသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်က ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်ပြီး လက်ရှိ တညင်းကုန်း ဈေးအဟောင်းကိုဖျက်သိမ်းကာ ဈေးအသစ်ကြီးကို ပြောင်းရွှေ့ ရောင်းချခိုင်းခြင်းအပေါ် စည်ပင် လက်အောက်တွင်သာနေလိုပြီး အစိုးရကိုသာအခွန်ဆောင်ချင် ကြောင်းနှင့်ပုဂ္ဂလိက လက်အောက် သို့မသွားရောက်လိုကြောင်း ဈေး သည်များက ပြောဆိုကာ ပြောင်း ရွေ့ရန်ငြင်းဆိုခဲ့ကြခြင်းဖြစ်သည်။


အဆိုပါဈေးသစ်ကို အစိုးရ နှင့် Myanmar Agro Exchange Pu-blic Ltd တို့နှင့် အကျိုးတူပူး ပေါင်းလုပ်ကိုင်ခြင်းဖြစ်သဖြင့်  ရန် ကုန်စည်ပင်၏ လက်အောက်တွင် သာဖြစ်ကြောင်း၊ ဈေးပြောင်းရွှေ့ ပါက မိမိငှားရမ်းထားသော ဆိုင် ခန်းကိုတစ်ဆင့် ပြန်လည်လွှဲ ပြောင်း ခွင့်နှင့် လက်ရှိဈေးဟောင်းတွင်ရ ရှိနေသော အခွင့်အရေးများကို အပြည့်အဝရရှိမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်သာယာပြောကြား ထားသည်။

တညင်းကုန်းဈေးရုံ(က)မှ ရုံ ကိုယ်စားလှယ်ဖြစ်သူ ကိုချိုက "ဈေး ဟောင်းနဲ့ဈေးသစ်မှာ အခွန်ကွာ ဟမှုအပိုင်းမှာ အဆမတန်များနေ တယ်၊ ဈေးသည်တွေ ပြုတ်ကုန် မလား၊ ပိုအဆင်ပြေလာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ" ဟု ပြောသည်။

ဈေးသစ်တွင် ရောင်းချပါက ပထမနှစ်တွင် တစ်လလျှင် အကျယ် ငါးပေပတ်လည် ဆိုင်ခန်းတစ်ခန်း ကျပ်ငါးသောင်းခွဲ၊ အကျယ် ငါးပေ_ ၁၁ ပေပတ်လည် တစ် ခန်းကျပ်နှစ်သောင်းနှင့် ငါးပေ_ ၁၃ ပေပတ်လည် ကျပ်နှစ်သောင်း ပေးသွင်းရမည်ဖြစ်ပြီး ငါးနှစ်အထိ နှစ်စဉ် ၃၅ ရာခိုင်နှုန်းစီ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကာ ခြောက် နှစ်မြောက်တွင် ကုမ္ပဏီမှကောက် ခံမည့် ပုံမှန်ဈေးနှုန်းအတိုင်းကောက် ခံမည်ဖြစ်ကြောင်း သိရသည်။

စတင်ပြောင်းရွှေ့သည်မှ နောက်ခြောက်နှစ်အတွင်း ဆိုင် ခန်းငှားရမ်းခများအား ဈေးဟောင်း မှရောင်းချသူများအဆင်ပြေအောင် အနိမ့်ဆုံးနှုန်းထားမှ တဖြည်း ဖြည်းကောက်ယူသွားရန် စီစဉ် ထားခြင်းဖြစ်ပြီး ဆိုင်ခန်းတစ်ခန်း လျှင်တစ်လလျှင် တစ်သောင်းခွဲ ခန့်သာ ပေးသွင်းရမည်ဖြစ်ကာ တစ်ရက်လျှင် ၅၀ဝ ကျပ်နှုန်းသာ ရှိသည့်အတွက်ကြောင့် ဈေးဟောင်း မှ ပြောင်းရွှေ့ရောင်းချသူများအ နေဖြင့် ပြင်ပမှ အခန်းယူကာလာ ရောက်ရောင်းချသူများထက် ဆိုင် တစ်ခန်းလျှင် တစ်နှစ် အနည်းဆုံး သိန်းနှစ်ဆယ်ကျော်မှ သိန်းလေး ဆယ်နီးပါးအထိ သက်သာခံစားရ မည်ဟု စည်ပင်အရာရှိတစ်ဦးက ဆိုသည်။

တညင်းကုန်းဈေးသည် မူလ က ၁၀ ဧကသာရှိသော်လည်း လက် ရှိဈေးရုံအသစ်သည် ၈၂ ဒသမ ၇၈ ဧက အကျယ်အဝန်းထိ ရှိမည်ဖြစ် ကာ နိုင်ငံတကာနှင့် တိုက်ရိုက်ချိတ် ဆက်ကာ ကုန်ပစ္စည်းများကို ရောင်းဝယ်နိုင်သည့် လက်ကားဈေး တစ်ခုဖြစ်စေရန် အဆင့်မြင့်တင် သွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူများက ဝယ် ယူသူနှင့် တိုက်ရိုက်ရောင်းဝယ်နိုင် ရန်စနစ်များ၊ ပြည်ပမှ လာရောက် ဝယ်ယူသူများအနေဖြင့်လည်း တစ်နေရာထဲတွင် ကုန်ပစ္စည်းမျိုး စုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူ နိုင်သည့်စနစ်များ၊ ကုန်ပစ္စည်းများ ကို နယ်စပ်သို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်သည့်စနစ်များ ထားရှိ နိုင်ရန် လည်း စီစဉ်ထားကြောင်း သိရသည်။

"ဥပမာအားဖြင့် အရင်က ဖရဲ သီးတွေ တရုတ်ပြည်ပို့တဲ့အခါ ဈေး မတည့်ရင် ဖရဲသီးတွေကို လမ်းမှာ ပုံထားခဲ့ရတယ်ဆိုတာမျိုးတွေ ရှိ တယ်။ အခု တညင်းကုန်းဈေးသစ် က အဲလိုမျိုး ဖရဲသီးဝယ်မယ့်သူ တွေလည်း လာခဲ့၊ ရောင်းမယ့်သူ တွေလည်းလာခဲ့။ တညင်းကုန်း ဈေးသစ်မှာတင် ဈေးနှုန်းဖြတ်ပြီး တော့ ကိုယ်ကြိက်တဲ့နေရာကိုသွား။ အဲဒီလိုမျိုး စနစ်ထိဖြစ်အောင်စီစဉ် ထားတယ် "  ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

No comments:

Post a Comment