Sunday, June 23, 2019

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာအချို့တွင် မြစ်ရေပြန်တက်စဉ် ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်၍ နေအိမ်များရွှေ့ပြောင်းနေရ

ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာတစ်ရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပြိုနေသည်ကို တွေ့ရစဉ်ပခုကၠူခရိုင္ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာအချို့တွင် ဇွန်လ ဒုတိယပတ်မှစ၍ မြစ်ရေပြန်တက်စဉ် ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်၍ နေအိမ်များ ရွှေ့ပြောင်းနေရကြောင်း ဒေသခံ များထံမှ သိရသည်။ေ ရစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနံဘေး ငါးလံကျေးရွာမှာ ကမ်းပြိုမှုအား ၂၀၁၀ ပြည့်နှစ်မှ စတင်ကြုံတွေ့လာရာ  ယာမြေများ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး ယခုနှစ်တွင် နေအိမ်များ ရွှေ့ပြောင်းမှုပြုလုပ်နေရကြောင်း သိရသည်။


“၂၀ဝ၅ ခုနှစ်မှာ ရွာစတည်တယ်။ ၂၀၁၀ မှာ ကမ်းစပြိုတယ်။ ပထမတော့ ယာတွေ ပြိုတယ်။ ဒီနှစ် အိမ်နေရာအထိ ကမ်းပြိုတာဖြစ်လာလို့ ရွှေ့တာတွေလုပ်နေရတယ်။ ရွှေ့ ပြောင်းရတဲ့ အိမ်တွေ ပြန်ဆောက်နိုင်အောင် မြို့နယ်ရုံးကို စာတင်ထားတယ်။ ဘုန်းကြီးကျောင်းကတော့ နေမရတော့လို့  ဆောက်မိန့် ရပြီ။ ခုမှ ရေတက်စပဲရှိသေးတော့ နောက်ရက်မှာ ကမ်းဆက်ပြိုရင် အိမ်တွေ ဆက်ဖျက်ရဦးမှာပါ” ဟု ငါးလံကျေးရွာမှ ဦးသိန်းတန်က ပြောကြားသည်။


ငါးလံကျေးရွာမှာ ကမ်းပြိုမှုကြောင့် နေအိမ် ၁၀ လုံးခန့် ရွှေ့ပြောင်းထားရပြီး ကျန်နေအိမ်များမှာလည်း မြစ်ကမ်းနှင့် နီးကပ်နေခြင်း ၊ သဲလွှာအား မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုမြန်ဆန်ခြင်းနှင့် ရေတက်ကာလတွင် ကမ်းပါးနှင့် မလွတ်ကင်းသည့် နေအိမ်များ ဆက်လက်ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေး ကွေ့ထောင့်ကျေးရွာမှာ ယခုနှစ် မြစ်ရေတက်ချိန် မေလမှစ၍ ကမ်းပြိုမှု ကြုံတွေ့ခဲ့ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့အား အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး ကမ်းပြိုမှုရပ်တန့်ခြင်း မရှိသည့်အတွက် ယခု ဇွန်လတွင် နေအိမ်များ ဆက်လက်ရွှေ့ပြောင်းနေရကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းနံဘေး ကွေ့ထောင်ကျေးရွာမှာ ကမ်းပြိုမှုကြောင့် ကျေးရွာပိုင်မြေများ ဆုံးရှုံးခဲ့ရသည့်အပြင် လက်ရှိတွင်နေအိမ် ၁၂ လုံးခန့် ရွှေ့ပြောင်းထားရပြီး ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းရသည့် နေအိမ်များမှာ မြေနေရာအခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

“ကမ်းပြိုလို့ ရွာရွှေ့ရတာလည်း နှစ်ကြိမ်လောက်ရှိပြီ။ ရွာမြေလည်းကုန်ပြီ။ ရွှေ့စရာ ရွာပိုင်မြေရယ်လို့ မရှိတော့ဘူး။ ဒီနှစ် အစောပိုင်းမှာ ဘုန်းကြီးကျောင်း ရွှေ့ရတယ်။ အခုလည်း အိမ်ရွှေ့ရတာ ၁၁ အိမ်လောက် ရှိပြီ။ နောက်ရက်လည်း ရွှေ့ရမယ်။ ခုမှ ရေတက်စ။ နောက်ရက် ဒီထက် ရေပိုတက်လာရင် ကမ်းပြိုတာ ပိုဆိုးမယ်။ သူများနယ်ထဲ သွားဝယ်ပြီး နေရမယ့်သဘော။ ငွေရှိတဲ့လူက မြေဝယ်နေနိုင်ပေမယ့် ငွေမရှိတဲ့သူက မလွယ်ဘူး။ ရွာစာသင်ကျောင်းဆို ဆောက်ထားတာ မကြာသေးဘူး။ အခု စိုးရိမ်နေရပြီ” ဟု ကွေးထောင့်ရွာသားတစ်ဦးက ပြောကြားသည်။

မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို၍ နေ အိမ်ရွှေ့ပြောင်းရသူများအား ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်ရွှေ့ပြောင်းစရိတ်၊ အရေးပေါ်သုံးပစ္စည်းများ နှင့် စားနပ်ရိက္ခာဖိုးငွေအား ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပခုက္ကူနှင့် ရေစကြိုမြို့နယ်တွင်း ဧရာဝတီ၊ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများမှ ဒေသခံများမှာ ရေတက်ရေကျချိန်များတွင် မြစ်ရေတိုက်စားမှုဒဏ်ကို ခံရလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ပခုက္ကူမြို့နယ်၊ လေး လံကျွန်း၊ မြင်းကျွန်း ၊ ရေလည်သောင်နှင့် အနောက်သီရိကျေးရွာများမှာ မြစ်ရေတိုက်စားမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းခဲ့ ရသည်။

No comments:

Post a Comment