Sunday, June 23, 2019

ချီလီကို ရှုံးထွက်အဆင့်သို့ ပို့ဆောင်ပေးသော တိုက်စစ်မှူးဆန်းချက်ဇ်ကို နည်းပြချီးကျူး

ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် မန်ယူတိုက်စစ် မှူး ဆန်းချက်ဇ်သည် ခြေချင်း ဝတ်ဒဏ်ရာကို ကြံ့ကြံ့ခံကာ ပုံစံ ကောင်းဆက်လက်ပြသပြီး အီ ကွေဒေါကို ၂-၁ ဂိုးဖြင့်အနိုင်ရ သာပွဲ၌ ချီလီအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သည်။ ယင်းရလဒ်ကြောင့် ကိုပါအ မေရိကဖလား နောက်ဆုံးနှစ်ကြိမ် ဆက် ချန်ပီယံချီလီသည် အုပ်စု (C) တွင် နှစ်ပွဲကစားကာ ရာနှုန်း ပြည့်အနိုင်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။



၈ မိနစ်တွင် ဖွန်ဇာလီဒါက ချီလီ၏ ဦးဆောင်ဂိုးသွင်းယူသော်လည်း ၂၆ မိနစ်တွင် အန်နာဗလင်စီယာက ပင်နယ်တီမှတစ်ဆင့် အီကွေဒေါအတွက် ချေပဂိုးသွင်းယူခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဂျပန်ကို လေးဂိုးပြတ်အနိုင်ရခဲ့ သောပွဲတွင် တစ်ဂိုးသွင်းယူပြီး ငါးလအကြာ ဂိုးပေါက်ပျောက်ဆုံး မှု အဆုံးသတ်နိုင်သူ ဆန်းချက်ဇ် က ၅၁ မိနစ်တွင်အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့သည်။

အဖွင့်ပွဲတွင် ဥရုဂွေးကိုလေး ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် အီကွေဒေါ က ချီလီဘက်သို့ ခြိမ်းခြောက်ထိုး ဖောက်မှု နည်းပါးခဲ့ပြီး ပွဲပြီးခါနီး၌ နောက်ခံလူဂါဘရီရယ်လ် တိုက် ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရ သည်။

ပထမပိုင်း၌ ရရှိသောခြေ ချင်းဝတ်ဒဏ်ရာဖြင့် ဆက်ကစား ခဲ့ကြောင်း ပွဲအပြီးတွင် ဆန်း ချက်ဇ်က ပြောသည်။

‘‘ဖြတ်တင်ပေးပြီးတဲ့နောက် ကျွန်တော့်ခြေချင်းဝတ်လည်သွားတယ်။ ဒါပေမဲ့ အဲဒါကိုပတ်တီး စည်းခဲ့တယ်။ နာကျင်မှုကို ဆေးသောက်ခဲ့ပြီး ကွင်းထဲပြန်ဝင်လာတာပါ။ ကျွန်တော်အနာနဲ့ ဆက်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာကမပြင်းထန်ဖို့ မျှော်လင့်ပါတယ်’’ ဟု ဆန်းချက်ဇ်က ပြော ကြားသည်။

ဆက်ကစားသဖြင့် ဆန်း ချက်ဇ်ကို ချီလီနည်းပြရိန်နယ်လ် ဒိုရူးဒါးက ချီးကျူးပြီး ယခုဒဏ် ရာသည် မေလကရရှိသောဒဏ် ရာနှင့်မတူကြောင်း ပြောသည်။

‘‘ဒါကို ကျွန်တော်တို့ ဆန်း စစ်သုံးသပ်မှာပါ။ မပြင်းထန်ဖို့ တော့ မျှော်လင့်ပါတယ်’’ ဟု ရူးဒါးက ပြောသည်။

အုပ်စု (C) တွင် ချီလီက ခြောက်မှတ်၊ ဥရုဂွေးက လေး မှတ်နှင့် ဂျပန်ကတစ်မှတ်ရရှိထား ပြီး ချီလီနှင့်ဥရုဂွေးတို့ အုပ်စုဗိုလ် လုမည်ဖြစ်သည်။

No comments:

Post a Comment