Sunday, June 23, 2019

ရန်ကုန်တက္ကသိုလ်အဆောင်စည်းကမ်းများ ပြင်ဆင်ဖြည့်စွက်လိုပါက ပါမောက္ခချုပ်ထံ ပေးပို့ရန် ကြေညာ

ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်များတွင် အ ဆောင်နေထိုင်ခွင့် ရသူများအနေ ဖြင့် လက်ရှိကျင့်သုံးနေသော  အ ဆောင်စည်းကမ်းများထဲမှ ပြင် ဆင်ဖြည့်စွက်လိုသည့် စည်းကမ်း ချက်များရှိလျှင် ပါမောက္ခချုပ်ထံ ပေးပို့ရန် ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်အချို့၌ ကြေညာ ထားသည်။ြ ပင်ဆင်ဖြည့်စွက်ချက်များ ကို သက်ဆိုင်ရာအဆောင်အ လိုက် အဆောင်သာယာရေးကော် မတီမှတစ်ဆင့် ပါမောက္ခချုပ်ထံ ဇူလိုင် ၁ ရက် နောက်ဆုံးထားပေး ပို့ရမည်ဟု ကြေညာချက်တွင်ဖော် ပြထားသည်။



‘‘အဆောင်စည်းကမ်းတွေ ကို အဆောင်နေကျောင်းသား တွေကိုယ်တိုင်ပါပြီး ရေးဆွဲခွင့်ရဖို့  ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ (ဗကသ) က တောင်းဆိုနေ တာကြာပြီ။ အခုပြင်မယ့်အချက် တွေ၊ ဖြည့်ချင်တဲ့အချက်တွေ ပို့ နိုင်တယ်လို့ အဆောင်တချို့မှာ ကြေညာတယ်လို့သိရတယ်’’ ဟု ရန်ကုန်တက္ကသိုလ်မှ ကထိက တစ်ဦးက ပြောသည်။

ကျောင်းသူဆောင်အချို့ တွင် ဖုန်းအသုံးပြုခွင့်ကန့်သတ် ခြင်း၊ ထမင်းစားချိန်ကန့်သတ် ခြင်း၊ ငွေကြေးကောက်ခံခြင်းရှိနေ ၍ အဆောင်စည်းကမ်းများကို အ ဆောင်နေကျောင်းသား၊ ကျောင်း သူများကိုယ်တိုင်ပါဝင်ရေးဆွဲခွင့် ပြုရန် ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂ (ဗကသ) က ယခင် ပညာသင်နှစ်ကတည်းက ပညာ ရေး ပြည်ထောင်စုဝန်ကြီးနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံ  တောင်းဆိုမှုရှိခဲ့သည်။

ထို့အပြင် အဆောင်မှူးအချို့ သည် အဆောင်နေကျောင်းသား၊ ကျောင်းသူများကို ကိုယ်ရေးကိုယ် တာ ကိစ္စများခိုင်းစေခြင်း၊ ၎င်း တို့ကိုယ်တိုင် အဆောင်စည်းကမ်း များ မလိုက်နာသော်လည်း အ ဆောင်စည်းကမ်းများကို ကျောင်း သား၊ ကျောင်းသူများအား ဖိနှိပ် ရေးကိရိယာသဖွယ်အသုံးပြုခြင်း၊  မတရားသဖြင့် အာဏာသုံးပြီး ကျောင်းသား၊ ကျောင်းသူများအ ပေါ် ဖိနှိပ်ခြင်းများရှိနေ၍ တက္က သိုလ် အဆောင်စည်းကမ်းများ ပြန်လည်ရေးဆွဲရန်နှင့် အဆောင် မှူးများကို အဆောင်နေသူများ ကိုယ်တိုင် ရွေးချယ်ခွင့်ပြုရန် ရန်ကုန်တက္ကသိုလ်ကျောင်းသား  များသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မတ်လ ၂၇ ရက်တွင် ကြေညာ ချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အဆောင်စည်းကမ်းချက် များ ပြင်ဆင်ဖြည့်စွက်လိုပါက ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ထံ ပေးပို့နိုင်သည်ဟု ကြေညာ ထားသော်လည်း ၎င်းတို့အနေဖြင့်  ပြင်ဆင်ဖြည့်စွက်မှုထက် လက်ရှိ ကျင့်သုံးနေသော အဆောင်စည်း ကမ်းများကို ပယ်ဖျက်ကာ အ ဆောင်တွင်နေထိုင်မည့် ကျောင်း သား၊ ကျောင်းသူများပါဝင်သည့်  အဆောင်စည်းကမ်းများ ပြန် လည်ရေးဆွဲရေးကို လိုလားသည် ဟု ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂမှ ကိုဘုန်းထက်နောင် က ဆိုသည်။

အဆောင်နေကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန် တက္ကသိုလ်က ချမှတ်ထားသော စည်းကမ်း၊ အဆောင်မှူးများက ထုတ်ထားသော အဆောင်တွင်း စည်းကမ်းနှင့် အခန်းတွင်းစည်း ကမ်းတို့ကို လိုက်နာရသည်။ အ ဆောင်တစ်ဆောင်နှင့် တစ် ဆောင်ထုတ်ထားသော စည်းမျဉ်း များတူညီမှုမရှိဘဲ အမျိုးသား ဆောင်များတွင် အဆောင်တွင်း စည်းကမ်းများ ချမှတ်ရာ၌ အ ဆောင်နေ ကျောင်းသားများနှင့်  တိုင်ပင်လေ့ရှိသော်လည်း အမျိုး သမီးဆောင်များတွင်မူ ထိုသို့တိုင် ပင်ခြင်းမရှိဘဲ အဆောင်သာယာ ရေး ကော်မတီဝင်များနှင့်သာ ဆွေးနွေးလေ့ရှိသည်ဟု ကျောင်း သား၊ ကျောင်းသူများက ဆို သည်။ ရန်ကုန်တက္ကသိုလ်တွင်  ရတနာ၊ ဒဂုံ၊ သီရိ၊ အင်းလျား၊ ရွှေဘို၊ ပင်းယ၊ သထုံ၊ ပဲခူး၊ စစ် ကိုင်း၊ မြတ်လေးနှင့် ကေတုမတီ ဟူသည့် ကျောင်းသား၊ ကျောင်း သူအဆောင် ၁၁ ဆောင် ဖွင့်ထား သည်။

No comments:

Post a Comment