Sunday, June 23, 2019

အိမ်ခြံမြေကဏ္ဍတည်တည်ငြိမ်ငြိမ်နှင့်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

အိမ်ခြံမြေကဏ္ဍတည်တည်ငြိမ်ငြိမ်နှင့်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။ ယနေ့နံနက်ပိုင်းကကျင်းပသည့် ရန်ကုန် အထက်ပန်းဆိုးတန်းလမ်းနှင့်မြန်မာ့ဂုဏ်ရည်လမ်းထောင့် ရှိ ဂုဏ်ရည် SHOPHOUSE မင်္ဂလာပိုင်တိုင်စိုက်ထူပွဲအခမ်းအနား အဖွင့်အမှာစကားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



‘’အားလုံး လုပ်သာကိုင်သာ ဆောင်ရွက်နိုင်တဲ့ အိမ်ခြံမြေဈေးနှုန်းတစ်ခု ဖြစ်အောင်၊တည်ငြိမ်အောင် အစိုးရက ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ် ‘’ဟု ၀န်ကြီးချုပ်က ပြောသည်။

မြန်မာ့ ဂုဏ်ရည်(Gonyi Shophouses) စီမံကိန်းတွင် Ground Floor မြေညီထပ် အပါအ၀င် ၅ ထပ် Shophouses ၁၇ လုံးနှင့် အဆင့်မြင့်ရုံးခန်းများ၊ လုံလောက်သော ကားပါကင်နေရာ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အထက်ပါ စီမံကိန်းများ ရန်ကုန်တွင် စနစ်တကျ ပေါ်ထွန်းလာရန် အစိုးရက အားပေးကူညီမည်ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပြီး အောင်ဆန်းကွင်းနေရာကို အစိုးရက အဆင့်မြင့်ခြင်း၊ ရန်ကုန် ဘူတာကြီး အဆင့်မြှင့် ခြင်းများဖြင့် ရန်ကုန်မြို့ကို ယခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

No comments:

Post a Comment