Sunday, June 23, 2019

တာချီလိတ်မြို့နယ်တွင် ကျည်မျိုးစုံ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ  ကျည်မျိုးစုံ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၂ ရက်နေ့ ည ၆ နာရီခွဲက တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်မှာ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ အာနွတ်ချိုင် (၂၃) နှစ်မောင်းနှင်လာတဲ့ ဆိုင်ကယ်အား စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။ ၁၂ ဗို့ကျည် ၁၂၂ တောင့်၊ ပွိုင့် ၃၈ ကျည် ၁၅၉ တောင့်၊ ၉ မမ ကျည် ၅၀ တောင့်၊ ပွိုင့် ၂၂ ကျည် ၂၀၉ တောင့်၊ ပွိုင့် ၄၅ ကျည် ၂၃ တောင့်၊ M 22 ကျည် ၁၃၀ တောင့်၊ ၅.၅၆ ကျည် ၁၀ တောင့်၊ စုစုပေါင်းကျည်မျိုးစုံ ၇၀၃ တောင့်၊ 9 MM ကျည်အိမ် ၂ ခု၊ ကျောပိုးအိတ် ၁ လုံးနဲ့ သံဘွတ် ၂၈ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အာနွတ်ချိုင်အား အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment