Sunday, June 23, 2019

စီးပွားရေး မတိုးတက်လျှင် နိုင်ငံရေးသည် အဓိပ္ပာယ်မရှိဟု သူရဦးရွှေမန်းပြော

 စီးပွားရေး တိုးတက်မှုမရှိလျှင် နိုင်ငံရေးဆို သည်မှာ အဓိပ္ပာယ်မရှိကြောင်း ဦးရွှေမန်းက ပြောကြားလိုက် သည်။ ဇွန် ၂၁ရက် ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့ရှိ မြို့ နယ်ပါတီရုံး၌ပြုလုပ်သည့် ပြည် ထောင်စုကောင်း ကျိုးဆောင်ပါတီ ၏ လူထုတွေ့ဆုံပွဲတွင် ゞင်းင်းက အထက်ပါအတိုင်း ပြောကြားလိုက် ခြင်းဖြစ်သည်။ "စီးပွားရေး တိုးတက်ကောင်း မွန်ခြင်းမရှိလျှင် နိုင်ငံရေးဆိုသည် မှာ အဓိပ္ပာယ်မဲ့နေမှာ ဖြစ်ပါတယ်" ဟု ゞင်းင်းကပြောသည်။



စီးပွားရေးတိုးတက်ကောင်းမွန်မှသာလျှင် ပြည်သူ၏ စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့ တိုးတက်မည်ဖြစ်ပြီး နိုင်ငံရေးဟူ သည် စီးပွားရေးပင်ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ပြည်ထောင် စု ကောင်းကျိုးဆောင်ပါတီအနေ ဖြင့် စီးပွားရေးကိုဦးစားပေးဆောင် ရွက်ရန် ရည်ရွယ်ထားကြောင်း သူရဦးရွှေမန်းကဆိုသည်။

"ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် စီးပွားရေး ကို အဓိကဆောင်ရွက်ရန် ရည်ရွယ် ပါတယ်။ စီးပွားရေးကောင်းမွန် လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ် ပြီး ပြည်သူတစ်ဦးချင်း၏ ဝင်ငွေ တိုးတက်လာမှာဖြစ်ပါတယ်။ စီး ပွားရေးကောင်းမွန်သည်နှင့်အမျှ ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာမည်ဖြစ်ရာ နိုင်ငံ ရေးသည် စီးပွားရေးပင်ဖြစ်ပါတယ်" ဟု ゞင်း က ပြော သည်။

စီးပွားရေးတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရာတွင် ပါတီ တစ်ခုတည်းနှင့် ဆောင်ရွက်၍ ရမည်မဟုတ်ဘဲ ပြည်သူလူထုပူး ပေါင်းပါဝင်ရန် လိုအပ်ကြောင်း လည်း ゞင်းင်းကပြောသည်။

လက်ရှိအချိန်တွင် ပါတီဟူ သည့်အကြောင်းကို ပြည်သူလူထု အချို့က မကြားလိုကြသည်များ လည်းရှိနေပြီး ယင်းမှာ နိုင်ငံရေး ကို စိတ်ပျက်နေသည့် သဘောဖြစ် ရာ ယင်းသည် နိုင်ငံတော်အတွက် အနုတ်လက္ခဏာ သဘောဆောင် ကြောင်း ゞင်းင်းကဆက်လက်ပြော သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများ နိုင်ငံရေးအသိအမြင်နိုးကြားကြရန်လည်း ゞင်းင်းကတိုက်တွန်းပြီး၊ နိုင်ငံရေး အသိအမြင်ရှိမှသာလျှင် ရွေးကောက် ပွဲ၌ မှန်ကန်စွာ မဲပေးနိုင်မည်ဖြစ် ကြောင်း ゞင်းင်းကပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် တရား ဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ပညာရေး၊ ကျန်းမာရေး၊ ဒေသလိုအပ်ချက် များ၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့ စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများက ဆွေး နွေးကြပြီး ကိုယ်စားလှယ်တစ်ဦး က ပါတီဝင်အဆိုပြုလွှာများ စု ပေါင်းပေးအပ်ရာပါတီမှ တာဝန် ရှိသူ ဦးအောင်မြင့်က လက်ခံရယူ ကြောင်း ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီက သတင်းထုတ်ပြန် သည်။

No comments:

Post a Comment