Sunday, June 23, 2019

အာဆင်နယ် ကွင်းလယ်လူ တော်ရိုင်းရားအတွက် အေစီက ပေါင် ၃၅ သန်း သုံးမည်

အေစီမီလန်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား လူးကပ်စ်တော်ရိုင်းရားကို ခေါ်ယူဖို့ ပေါင် ၃၅ သန်းထိတိုးမြှင့်သုံးစွဲတော့မယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းက ပေါင် ၄၅ သန်းလောက်ရမှသာ ရောင်းထုတ်မယ့် အဲဒီကစားသမားကို အေစီမီလန်အသင်းက ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းလာခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အီတလီမြေကို တကျော့ပြန်သွားဖို့ မျှော်လင့်နေတယ်လို့ ပြောကြားထားပါတယ်။


တော်ရိုင်းရားဟာ အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းမှာ ကစားခဲ့ဖူးပြီးတော့ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တာ တရာသီပဲ ရှိပါသေးတယ်။

တော်ရိုင်းရားနဲ့ လက်ရှိအေစီမီလန်နည်းပြဖြစ်တဲ့ မာကိုဂျီယန်ပါလိုနဲ့ ဆမ်ဒိုးရီးယား အသင်းမှာ လက်တွဲခဲ့ဖူးတာကြောင့် နည်းပြဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှု ရှိထားပါတယ်။

အာဆင်နယ်အသင်းကတော့ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ရောင်းထုတ်ရမှာဖြစ်လို့ ပေါင် သန်း ၄၀ လောက်ရရင် ရောင်းထုတ်မယ့်သဘောမှာ ရှိနေတယ်လို့ အီတလီသတင်းစာတွေမှာ ရေးသားဖော်ပြ နေကြပါတယ်။

No comments:

Post a Comment