Sunday, June 23, 2019

အောင်ဆန်းကွင်း အဆင့်မြှင့်တင်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တိုင်းအစိုးရတို့ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးနေဟု ဝန်ကြီးချုပ် ပြောကြား

အောင်ဆန်းကွင်း ရှေ့မျက်နှာစာအား တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)အောင်ဆန်းကွင်း အဆင့်မြှင့်တင်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရတို့ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၂ ရက်တွင် အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည် လမ်းထောင့်တွင် ပြုလုပ်သည့် GONYI SHOPHOUSES ရတနာပိုင်စိုက်ထူခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“မကြာခင်မှာ ကျွန်တော်တို့ဟာ အောင်ဆန်းကွင်းကြီးကို ပြန်လည် အဆင့်မြှင့်တင်ဖို့ အတွက်ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို ပြန်လည် လွှဲအပ်လိုက်ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဘောလုံးကွင်းကြီးကို ပြန်အဆင့်မြှင့်တင်ဖို့အတွက် ကျွန်တော်တို့နဲ့ လုပ်ထုံးလုပ်နည်း ဆွေးနွေးနေတုန်း ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

အောင်ဆန်းကွင်းအား ဘောလုံးအဖွဲ့ချုပ်က ရယူခဲ့သော်လည်း ထိန်းသိမ်းဆောင်ရွက်နိုင်မှု မရှိခဲ့ကြောင်း၊ အဆောက်အအုံ၏ ဆိုင်ခန်းများ ငှားရမ်းထားသည့် နှုန်းထားများသည် အလွန်အင်မတန် နည်းပါးပြီး အဆောက်အအုံမှရသည့် ငွေကြေးဖြင့် ဘောလုံးကွင်းအား ထိန်းသိမ်းစောင့်ရှောက်နိုင်မှု မရှိခဲ့ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ “ဒီနေရာက တစ်ချိန်မှာ ဖွံ့ဖြိုးတိုးတက် လာနိုင်တဲ့နေရာ ဖြစ်သလို အရှေ့က ၆၄ ဧက ဟာ ဘူတာကြီး အဆင့်မြှင့်တင်ရေး ပရောဂျက် ဖြစ်ပါတယ်။ တင်ဒါခေါ်ယူထားပြီး အခြေအနေ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များအတွက် ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီဧရိယာက ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးအတိုးတက်ဆုံး ဧရိယာတစ်ခု ဖြစ်လာနိုင်စေဖို့အတွက် ရန်ကုန်ရဲ့ အနာဂတ်ကို ပြင်ဆင်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာကို ကျွန်တော်တို့ မျှော်လင့်ထားတာက လုပ်ငန်းရှင်တွေ ရပ်တည်နိုင်မယ့် တကယ့်ကို ငွေရေးကြေးရေးကဏ္ဍဍနဲ့ ကျောက်မျက်ရတနာ ဒီလို Market ကြီးတစ်ခုကို ဒီဧရိယာမှာ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့သည် မြန်မာတစ်နိုင်ငံလုံး စီးပွားရေး၏ GDP ၂၀ ရာခိုင်နှုန်းအား သယ်ဆောင်နေကြောင်း၊ ဆက်သွယ်နေသည့် လုပ်ငန်းများကိုပါ ထည့်သွင်းမည် ဆိုပါက ရန်ကုန်၏ GDP သည် ၃၀ ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်ကြောင်း ゞင်းကဆက်လက် ပြောကြားသည်။

“ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခြေခံ အဆောက်အအုံကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ ဒီအဆောက်အအုံတွေက စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေ ပေးနိုင်ဖို့ လိုပါတယ်” ဟု ゞင်းက ပြောကြားသည်။

No comments:

Post a Comment