Sunday, June 23, 2019

ပြည်မြို့တွင် H1N1 ဖြစ်ပွားသူစတင်တွေ့ရှိ သံသယလူနာတစ်ဦး တွေ့ရှိပြီး ဓာတ်ခွဲစစ်ဆေးနေ

 ပြည်မြို့ရှိ ခုတင် ၅၀၀ အ ထွေထွေရောဂါကုဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ (H1N1)ရှိ သူကို ဇွန်လ ၂၁ ရက်က စစ်ဆေး တွေ့ရှိကြောင်း ပြည်ဆေးရုံအုပ် ကြီး ဒေါက်တာ ခင်မေသွင်က ပြောသည်။ အဆိုပါလူနာသည် ပြည်မြို့ နေအသက်(၇၂)နှစ်အရွယ်အမျိုး သမီးဖြစ်ပြီး ဗိုက်အောင့်ဝေဒနာ ကြောင့် ဇွန်လ ၂၀ ရက်တွင် ဆေး ရုံသို့စတင်တက်ရောက်ခဲ့သည်။ ထို့ကြောင့် ခွဲစိတ်ကုသဆောင်၌ ထားရှိကုသသော်လည်း ချောင်း ဆိုးခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပေါ်လာသဖြင့် အထွေထွေ ရောဂါကုသဆောင်တွင် ပြောင်း လဲကုသခဲ့သည်။ အထွေထွေရော ဂါကုဆရာဝန်က H1N1 ရောဂါ ဟု သံသယရှိသဖြင့် ဓာတ်ခွဲစစ် ဆေးခြင်းဖြစ်သည်။



‘‘လူနာကို H1N1 သံသယရှိ လို့ ပြည်ဆေးရုံဓာတ်ခွဲခန်းမှာပဲ Rapid Diagnostic Test (RDT)စစ်ကြည့်တာ (Positive)ဖြစ်နေ တာတွေ့ရတယ်’’ ဟု ဒေါက်တာ ခင်မေသွင်က ပြောသည်။

ထို့ကြောင့် ပို၍သေချာစွာသိ ရှိရန် အဆိုပါလူနာ၏ လည်ပင်း နှင့်နှာခေါင်းမှ ထွက်သည့်အရည် များကို ရန်ကုန်အမျိုးသားဓာတ်ခွဲ ဌာနသို့ ပို့ဆောင်စစ်ဆေးထား သည်။ ထို့အပြင် ပြည်ဆေးရုံကြီး တွင် သံသယရှိလူနာတစ်ဦး ထပ် မံတွေ့ထားပြီး H1N1 ရောဂါပိုး ရှိ၊မရှိသိရှိရန် ရန်ကုန်မြို့အမျိုး သားဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ် ဆေးနေသည်။

H1N1 ရောဂါပိုးတွေ့ရှိသူ နေထိုင်သည့် အနီးဝန်းကျင်တွင် သန့်ရှင်းရေး၊ ကျန်းမာရေးစောင့် ရှောက်မှုများနှင့် ရောဂါကာကွယ် နိုင်ရန် အသိပညာပေးဟောပြော မှုများကို အုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်နေကြောင်း ရွာဘဲ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရာသီတုပ်ကွေး Influenza Type A (H1N1)pdm 09 သည် အသက်အရွယ်မရွေးဖြစ်ပွားတတ်သည်။ သို့သော် အသက်(၅)နှစ် အောက်ကလေးများ၊ (၇၀)နှစ် အထက်သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်နှင့် နာတာရှည် ရောဂါခံစားရသူများတွင် ပိုမို ပြင်းထန်ပြီး သေဆုံးသည်အထိ ဖြစ်တတ်သည်။ ယင်းရောဂါပိုး သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သည်။ ရော ဂါလက္ခဏာများသည် အဖျားရှိ ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်နှင့်အထက်)၊ နှာရည်ယို ခြင်း၊ နှာချေခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက် ကိုက်ခဲခြင်းတို့ ဖြစ်တတ်သည်။ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ ဇွန်လ ၂၀ ရက်ည သတင်းထုတ်ပြန်ချက်အရ ယခု နှစ် ဇန်န၀ါရီ ၁ ရက်မှ ဇွန်လ၂၀ ရက်အထိ ရာသီတုပ်ကွေး ရောဂါပိုး (H1N1)တွေ့ရှိသူလူနာ ၁၆ ဦးရှိပြီး ခြောက်ဦးသေဆုံး ကြောင်း၊ ယင်းခြောက်ဦးသည် ရန်ကုန်တိုင်းမှ ငါးဦးနှင့် စစ်ကိုင်း တိုင်းမှ တစ်ဦးဖြစ်ကြောင်း ဖော်ပြ ထားသည်။

No comments:

Post a Comment