Sunday, June 23, 2019

ရခိုင်တွင် မူးယစ်ဆေးဝါးသိန်းချီဖမ်းမိမှုဖြစ်စဉ်များသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်နေဟုဆို

ရခိုင်ဒေသတွင် မူးယစ် ဆေးဝါးသိန်းနှင့်ချီ ဖမ်းဆီးရမိမှု သည် လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ဆက်စပ်နေဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ‘‘မူးယစ်ဆေးဝါးလုပ်ငန်းတွေ ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမြဲတမ်းပတ်သက်နေတယ်။ သူ တို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်း လည်းဖြစ်နေတယ်။ ရခိုင်မှာ မိ တာလည်း အဲဒီဟာတွေနဲ့ဆက် စပ်ပါတယ်’’ ဟု ပြောသည်။



ရခိုင်ဒေသတွင်းနှင့် မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်အကြား အပါအ၀င် ကုန်းလမ်း၊ ရေလမ်း ကြောင်းဖြင့် တပ်မတော်က တား ဆီးပိတ်ဆို့စစ်ဆေးနေကြောင်း၊ သို့သော် ဖမ်းဆီးရမိမှုအရေအ တွက် လျော့ကျခြင်းမရှိသေးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထပ် လောင်းပြောကြားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး ရှမ်းရိုးမ-၂ အမည်ရှိစစ်ဆင် ရေး ဆောင်ရွက်နေကြောင်း တပ် မတော် ပြောကြားထားသည်။

ရခိုင်ပြည်နယ်တွင် မူးယစ် ဆေးဝါးထုတ်လုပ်သည့်နေရာမရှိ ကြောင်း သို့သော် ၀င်ရောက်လာ သည့်ကုန်တင်ယာဉ်အားလုံးကို စစ်ဆေးနိုင်ခြင်းမရှိသဖြင့် မန္တ လေးနှင့် မူဆယ်ဒေသ၌ ဆောင် ရွက်နေသည့် X-ray စက်၊ ကုန် ရပ်နားစခန်းကဲ့သို့ စစ်ဆေးသည့် အခြေအနေရရှိလျှင် မူးယစ် ဆေးဝါးနှင့်ဆက်စပ်ပြီး ပိတ်ဆို့ နိုင်မည်ဟု ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက မှတ်ချက်ပြုထားသည်။

X-ray စက်၊ ကုန်ရပ်နား စခန်းများရရှိရန် ပြည်ထဲရေးဝန် ကြီးဌာနက ပြည်ထောင်စုအစိုး ရသို့ တင်ပြထားကြောင်းရဲမှူးကြီး ကြည်လင်းက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်မှ ၁၁ ရက်အထိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အမှု ဖြစ်စဉ်သုံးမှ စိတ်ကြွဆေးပြား ခြောက်သိန်းကျော်သိမ်းဆည်းရမိ ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment