Sunday, June 23, 2019

အောင်ဆန်းကွင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ၀န်ကြီးဌာန သတ်မှတ် အမြန်ဆုံးပြန်လည်အဆင့်မြှင့်တင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော၊ တရုတ်ကုမ္ပဏီက ဒီဇိုင်းရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်လို

ရန်ကုန်မြို့ရှိ အောင် ဆန်းအားကစားကွင်း ပွဲကြည့်စင် နှင့် အဆောက်အအုံများကြံ့ခိုင် မှုအနေအထားကို စစ်ဆေးထား ပြီး လက်ရှိတွင် အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ် ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ဇွန်လ ၁၉ ရက်တွင်ထုတ်ပြန်သည်။ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသည် ဇွန်လ ၁၉ ရက် က အောင်ဆန်းအားကစားကွင်း ကို နိုင်ငံတကာအဆင့်မီ အားက စားကွင်းအဖြစ် အဆင့်မြင့်ပြန် လည် တည်ဆောက်နိုင်ရေးညှိနှိုင်း အစည်းအဝေးတစ်ရပ် နေပြည် တော်တွင် ကျင်းပခဲ့သည်။



 ယင်းအစည်းအဝေးတွင် လက်ရှိ အောင်ဆန်းအားကစား ကွင်း ယိုယွင်းပျက်စီးနေမှုများ၊ အဆင့်မြင့် ပြန်လည်တည် ဆောက်နိုင်ရေး ဆောက်ရွက်နေမှု များ၊ Institute of Shanghai Architectural Design & Research ကုမ္ပဏီက အဆင့်မြှင့် ခြင်းနှင့်ပတ်သက်၍ ဒီဇိုင်းရေးဆွဲ ထားမှုများ၊ အခြားရင်းနှီးမြှပ်နှံမှု များကို တရုတ်နိုင်ငံအကူအညီ ဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများ ဆွေးနွေးခဲ့ ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

အစီအစဉ်အရ အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် အောင်ဆန်းကွင်းကို ငှားရမ်းသုံး စွဲနေသည့် မြန်မာဘောလုံးအဖွဲ့ ချုပ်တို့သည် ၂၀၁၈ မတ်လ ၃၁  ရက်က ငှားရမ်းမှုရပ်စဲခြင်းစာချုပ် ချုပ်ဆိုခဲ့သည်။ ထို့နောက် အား ကစားနှင့်ကာယပညာဦးစီးဌာန က ဆောက်လုပ်ရေးဝန်ကြီးဌာန ထံ အကူအညီတောင်းခံ၍အောင် ဆန်းကွင်း ပွဲကြည့်စင်နှင့် အဆောက်အအုံ ကြံ့ခိုင်မှု အနေ အထားကို စစ်ဆေးရာ ဆောက် လုပ်ရေးဌာန အထူးအဖွဲ့နှင့် ခန့်မှန်းပုံထုတ် သုတေသနက ကွင်းသည် ၇၀ ရာခိုင်နှုန်းကျော် ပျက်စီးနေပြီး အန္တရာယ်ရှိအ ဆောက်အအုံဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ပါဝင်ခဲ့သည်။

‘‘ကျွန်တော်တို့က အင်ဂျင်နီ ယာပိုင်းနဲ့ ပတ်သက်ပြီး မသိတဲ့ အတွက် ဆောက်လုပ်ရေးကို အ ကူအညီတောင်းတယ်။ သူတို့ တိုင်းထွာချက်အရ အောင်ဆန်း ကွင်းရဲ့ ပွဲကြည့်စင်နဲ့ပတ်ပတ် လည် အဆောက်အအုံတွေက ၇၀ ရာခိုင်နှုန်းကျော်ပျက်စီးနေပြီး အန္တရာယ်ရှိတယ်လို့ သိရပါ တယ်။ ကွင်းရဲ့မြက်ခင်းပြင်တော့ မပါပါဘူး။ တကယ်လို့ ပရိသတ် တွေ အရမ်းများမယ်ဆိုရင်ပွဲကြည့် စင်ပေါ်မှာ အန္တရာယ်တစ်ခုခုသက် ရောက်နိုင်ပါတယ်။ ဒါကြောင့် လည်း ပြုပြင်ဖို့ အခုကျွန်တော်တို့ ကျန်းမာရေးနဲ့ ၀န်ကြီးဌာနရော၊ ရန်ကုန်တိုင်းအစိုးအရအဖွဲ့တွေ ရောနဲ့ ညှိနှိုင်းမှုတွေလုပ်နေပါပြီ။ အမြန်ဆုံးဖြစ်အောင်တော့ အား လုံးကြိုးပမ်းနေပါတယ်’’ဟု ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်း မြင့်ဦးက ပြောသည်။

ထို့ကြောင့် ဟောင်းနွမ်းပျက် စီးနေသည့် အောင်ဆန်းကွင်းရှိ ပွဲကြည့်စင်နှင့် အဆောက်အအုံ ကို ဖျက်ဆီးခွင့်ပြုကြောင်းနှင့် ပြန်လည်အဆင့်မြှင့်တင် တည် ဆောက်ရေးလုပ်ငန်း ဆောင်ရွက် ရန် အစိုးရအဖွဲ့နှင့် မူအားဖြင့် ခွင့်ပြုမိန့်ရရှိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အနေဖြင့်လည်း အောင်ဆန်းကွင်း  ပြန်လည် အဆင့်မြှင့်တင်ရန် ညှိ နှိုင်းဆောင်ရွက်နေကြောင်း ၀န် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြော ဆိုသည်။

ဇွန်လ ၂၂ ရက် က ရန်ကုန် မြို့ အထက်ပန်းဆိုးတန်းလမ်းနှင့်  မြန်မာ့ဂုဏ်ရည်လမ်းထောင့်ရှိ (Gonyi Shophouses) စီမံကိန်း ရတနာပိုင်တိုင် စိုက်ထူခြင်းအ ခမ်းအနားတွင် ယင်းကဲ့သို့ ပြော ဆိုခြင်းဖြစ်သည်။

‘‘မကြာခင်မှာ အောင်ဆန်း ကွင်းကြီးကို ပြန်လည်အဆင့်မြှင့် တင်ဖို့အတွက် လုပ်ထုံးလုပ်နည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အောင်ဆန်းကွင်းဟာ တစ်ချိန် တုန်းက ဘောလုံးအဖွဲ့ချုပ်ကနေ  ရယူထားတာဖြစ်ပါတယ်။ ဒါပေ မဲ့ ဒီအဆောက်အအုံကို ပြုပြင် ထိန်းသိမ်းနိုင်မှု သိပ်မရှိခဲ့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အ ဆောက်အအုံရဲ့ဆိုင်ခန်းတွေကို ငှားရမ်းထားတဲ့ နှုန်းထားဟာ အ လွန်အင်မတန်ကို နည်းပြီးတော့ အဆောက်အအုံကနေရတဲ့ ငွေ ကြေးနဲ့ ဒီဘောလုံးကွင်းကြီးကို မထိန်းသိမ်း၊ မစောင့်ရှောက်နိုင် ပါဘူး။ ဒါကြောင့်မို့ ဒီအဆောက် အအုံကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကနေ ပြီးတော့ အခု ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနကို ပြန်လည်လွှဲအပ်လိုက်ပြီ ဖြစ်ပါတယ်။  ကျန်းမာရေးနဲ့ အား ကစားဝန်ကြီးဌာနက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကြီး ကြပ်ကွပ်ကဲမှုနဲ့ ဒီဘောလုံးကွင်း ကြီးကို ပြန်အဆင့်မြှင့်တင်ဖို့နဲ့ ကျွန်တော်တို့နဲ့ လုပ်ထုံးလုပ်နည်း ဆွေးနွေးနေတုန်းရှိပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အောင်ဆန်းကွင်း ပြန်လည် ပြင်ဆင်မည်ဟု သတင်းများ ဖတ် ရသော်လည်း လက်ရှိအချိန်အထိ ဆိုင်ခန်းများကို ပြောင်းရွှေ့ရန် အကြောင်းကြားထားခြင်း မရှိ ကြောင်း ကွင်းဘေးရှိဆိုင်ခန်း တစ်ခု၏မန်နေဂျာက ပြောကြားသည်။

‘‘ကွင်းကို ပြန်ပြင်မယ်လို့ တော့ ကြားရပါတယ်။ ကျွန်တော် တို့ကိုတော့ ဆိုင်ခန်းပြောင်းဖို့တွေ ဘာမှမပြောသေးပါဘူး။ ဆိုင်ခန်း က ငှားထားတာကြာပြီဆိုပေမယ့် ကျွန်တော်တို့လည်း တခြားပိုင်ရှင်  တစ်ယောက်ဆီက တစ်ဆင့်ခံပြန် ငှားတာပါ’’ဟု ၎င်းက ဆိုသည်။ အောင်ဆန်းကွင်းသည် နှစ် ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ အားကစားကွင်း တစ်ခုဖြစ်ပြီး ၁၉၆၁ နှင့် ၁၉၆၉ တွင် အရှေ့ တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ ဖူးသည်။

No comments:

Post a Comment