Sunday, June 23, 2019

ကိုပါအမေရိက ကွာတားအဆင့်သို့ရောက်မှဖြစ်မည်ဟု အာဂျင်တီးနားအသင်းဖော်များကို မာတီနက်ဇ်သတိပေး

 ကိုပါအမေရိကပြိုင်ပွဲ ပထမဆုံးနှစ်ပွဲတွင် တစ်မှတ်သာ ရထားကာ ကာတာကိုနိုင်မှသာ နောက်တစ်ဆင့်တက်ရန် မျှော် လင့်နိုင်မည့် အာဂျင်တီးနား အ သင်းသည် ကွာတားဖိုင်နယ်သို့ ရောက်မှဖြစ်မည်ဟု အင်တာ တိုက်စစ်မှူး လော်တာရိုမာတီ နက်ဇ်က အသင်းဖော်များအား သတိပေးပြောကြားသည်။ မိမိတို့အသင်းအနေဖြင့် ကို ပါအမေရိကတွင် အုပ်စုအဆင့်မှ အရှက်ကွဲထွက်ခွာရခြင်းမျိုးဖြစ် ၍မရဟု မာတီနက်ဇ်ကအသင်း ဖော်များကို သတိပေးသည်။



အာဂျင်တီးနား  အသင်း ခေါင်းဆောင် မက်ဆီကလည်း အာရှဖလား ချန်ပီယံကာတာကို အနိုင်ယူရမည်ဟု ပြောကြားပြီး စုစုပေါင်းသုံးသင်း နောက်တစ် ဆင့်တက်ခွင့်ရသော အခြေအနေ တွင် အုပ်စုအဆင့်မှ မိမိတို့လှည့် ပြန်ရမည်ဆိုပါက ရူးသွပ်မှုသာ ဖြစ်မည်ဟု သတိပေးသည်။

ကာတာသည်ပြီးခဲ့သည့် နှစ် ပွဲတွင် တစ်မှတ်သာရပြီးအာဂျင် တီးနားနှင့် အနေအထားတူကာ ဂိုး ကွာခြားချက်အရ အသာရရှိနေ သည်။

အာဂျင်တီးနားသည် ယခု ပြိုင်ပွဲမှ စောစောစီးစီး  ထွက်ရနိုင်သော်လည်း ရှုံးထွက်အဆင့်သို့ ရောက်မည်ဟု ယုံကြည်ထား ကြောင်း မက်ဆီက ပြောကြားပြီး အသင်းဖော်များ ယုံကြည်မှုရှိရန် လိုကြောင်း တိုက်တွန်းသည်။

ယခုနှစ်ကိုပါအမေရိကတွင် ဂျပန်နှင့်အတူ ဧည့်သည်အသင်း အဖြစ် ပါဝင်ယှဉ်ပြိုင်နေသည့် ကာတာ အသင်းသည် နောက် တစ်ဆင့်တက်လှမ်းခွင့်မျှော်လင့် ချက် အနည်းငယ်သာ ရှိသော် လည်း မကြာသေးမီ နှစ်များအ တွင်း နိုင်ငံတကာပြိုင်ပွဲတွင် အ ကြီးမားဆုံး အံ့သြစရာတစ်ခုဖြစ် လာအောင် လုပ်နိုင်မည့်အခွင့်အ ရေးရှိနေသည်။

No comments:

Post a Comment