Sunday, June 23, 2019

ထရမ့်ဆီက ပုဂ္ဂိုလ်ရေးပေးစာတစ်စောင် ကင်ဂျုံအန်ရခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာဖော်ပြ

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ဆီကနေ ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ရခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်KCNAသတင်းအေဂျင်စီက ဖော်ပြပါတယ်။ စာကိုဖတ်ပြီးတဲ့နောက် စာမှာပါတဲ့အကြောင်းအရာတွေက ကောင်းမွန်တဲ့အကြောင်းအရာတွေဖြစ်လို့ ကျေနပ်တယ်လို့ ကင်ကပြောတယ်ဆိုပြီး KCNAကဖော်ပြခဲ့တာပါ။ စာထဲက အရေးကြီးတဲ့ဖြစ်ရပ်တွေကို အထူးတလည်အာရုံစိုက်စောင့်ကြည့်သွားမယ့်အပြင် သမ္မတထရမ့်ရဲ့သာမန်ထက်ပိုထူးခြားတဲ့ရဲစွမ်းသတ္တိကို ချီးကျူးတယ်လို့ ကင်ကပြောတယ်ဆိုပြီး KCNAသတင်းမှာပါဝင်ပါတယ်။



စာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ဘက်ကတော့ တစုံတရာမှတ်ချက်မပေးသေးပါဘူး။

အမေရိကန်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့အပြန်အလှန်ပုဂ္ဂိုလ်ရေးပေးစာတွေဟာ နှစ်နိုင်ငံဆွေးနွေးမှုတွေရဲ့အဟုန်ကို ဆက်ပြီးထိန်းထားတယ်ဆိုတဲ့ အပြုသဘောအမြင်ဘက်နေ တွက်ဆမိတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက စနေနေ့မှာထုတ်ပြန်ပါတယ်။

ဒီစာဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြားအပြန်အလှန်ပေးတဲ့ပထမဆုံးစာတွေတော့မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းမှာကျင်းပခဲ့တဲ့အမေရိကန်-မြောက်ကိုရီးယားဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက်မရခဲ့တဲ့နောက် အခုလအစောပိုင်းမှာ ကင်ဆီကနေ အသုံးအနှုန်းလှတဲ့စာတစ်စောင်ရခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

No comments:

Post a Comment