Sunday, June 23, 2019

အောင်လံမြို့ အထက်တန်းကျောင်းများရှိ မုန့်ဈေးတန်းများ၌ ရောင်းချနေသည့် သက်တမ်းလွန်မုန့်အချို့နှင့် အချိုရည်ဘူးအချို့ စစ်ဆေးတွေ့ရှိသဖြင့် ဖျက်ဆီး

 အောင်လံမြို့ပေါ်ရှိ ကျောင်းမုန့်စျေးတန်းများတွင် သက်တမ်းလွန်မုန့်များ ရှိ မရှိ တာဝန်ရှိသူများ လိုက်လံစစ်ဆေးစဉ်ေအာင္လံျမို့ရွိ အထက်တန်းကျောင်းများရှိ မုန့်ဈေးတန်းများ၌ ရောင်းချနေသည့် သက်တမ်းလွန်မုန့်အချို့နှင့် အချိုရည်ဘူးအချို့အား စစ်ဆေးတွေ့ရှိသဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဇွန် ၁၉ ရက်မှစတင်ပြီး မကွေးတိုင်း အောင်လံမြို့ပေါ် အထက်တန်းကျောင်းများရှိ မုန့်ဈေးတန်းများကို စားသုံးရေးရာဌာနမှ ဦးဆောင်ပြီး ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေး လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စားသုံးရန် မသင့်သည့် သက်တမ်းလွန်မုန့်အချို့နှင့် အချိုရည်ဘူးများအား တွေ့ရှိခဲ့၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


“မြို့ပေါ်မှာတော့ အထက်တန်းကျောင်း သုံးကျောင်းကိုဝင်စစ်ပြီးပါပြီ။ အထက-၁ နဲ့ ၂ မှာတော့ ဘာမှမတွေ့ခဲ့ဘူး။ ဒီနေ့ အထက- ၃ ကိုစစ်တော့ သက်တမ်းလွန်အချိုရည်ဘူးလေး၊ ငါးဘူးနဲ့ သက်တမ်းလွန် မုန့်ထုပ်တချို့ကို တွေ့ခဲ့တယ်။ ဈေးသည်တွေကိုလည်း ဒီလိုမျိုး နောက်မရောင်းဖို့ သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။ သက်တမ်းလွန် စားသောက်စရာတွေကိုလည်း သိမ်းဆည်းပြီး ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်” ဟု စားသုံးသူရေးရာဌာန တာဝန်ခံ ဦးကျော်မျိုးမင်းက ပြောကြားသည်။ စားသုံးသူရေးဌာနနှင့် ကျောင်းကျန်းမာရေးတာဝန်ရှိသူများ ပူးပေါင်းပြီး စားသုံးရန် မသင့်သည့် အစားအစာများကြောင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်းအား စာသင်ကျောင်းများတွင် အသိပညာပေးဟော ပြောမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment