Sunday, June 23, 2019

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်သည့် ယာဉ်မှ လမ်းလယ်ကျွန်းဘာရီယာ တုံးများအား ဝင်ရောက်တိုက်မိမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၉/၄¬-၅)ကြား၌ ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်က ယာဉ်တိုက်မိမှု ဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက သွားရောက် စစ်ဆေးခဲ့သည်။ ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ချမ်းအေးသာဇံမြို့နယ်၊ ၈၂×၈၃ လမ်းကြားနေ ဇော်မိုးထွန်း(၃၆)နှစ် မောင်းနှင်လာသော MDY-9F/×××× HONDA CIVIC ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံး(၃)တုံးအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မှာ တန်ဖိုးငွေ(၁၀)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဇော်မိုးထွန်းအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment