Sunday, June 23, 2019

AFF Futsal Club Championship 2019 ပြိုင်ပွဲတွင် မြန်မာ ကလပ် MIU အသင်း တတိယ ဆု ရရှိ

AFF Futsal Club Championship 2019 ပြိုင်ပွဲ၏ တတိယနေရာ လုပွဲအဖြစ် မြန်မာကလပ် MIU အသင်းနှင့် ကမ္ဘောဒီးယား ကလပ် Down Town Sport အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ MIU အသင်းက(၉-၅) ဂိုးဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲ၏ တတိယ ဆုကို ရရှိခဲ့သည်။ MIU အသင်းသည် ယခုအကြိမ် တတိယ ရရှိခြင်းသည် AFF Futsal Club Championship ပြိုင်ပွဲ တစ်လျှောက်တွင် လေးကြိမ်မြောက် တတိယဆု ရရှိခဲ့ခြင်း ဖြစ်ပြီး နှစ်နှစ်ဆက် တတိယ ဆုကို ရယူခဲ့ခြင်းဖြစ်သည်။



MIU အသင်းသည်၂၀၁၅ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်များက ကျင်းပခဲ့သော AFF Futsal Club Championship ပြိုင်ပွဲများတွင် တတိယဆု ရရှိခဲ့ဖူးပြီး ယခု စတုတ္ထ အကြိမ်မြောက် တတိယဆုကို ရရှိခဲ့သော ပွဲစဉ်တွင် MIU အသင်းအတွက် ဂိုးများကိုပြည့်ဖြိုးမောင်(၃)က လေးဂိုး၊ လှိုင်မင်းထွန်းက နှစ်ဂိုး၊ ကိုကိုလွင်၊ ပြည့်ဖြိုးမောင် (၂)နှင့် ကျော်ကျော်ထွန်းတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment