Sunday, June 23, 2019

မော်လမြိုင်လူမှုကယ်ဆယ်ရေး အဖွဲ့မှ "အခမဲ့" ရွေလျား အထည်ဆိုင်လေးသည်သီရိမြိုင် သီရိမင်္ဂလာမြို့သစ်ဘက်သို့ သွားရောက်လှူဒါန်းခဲ့

ယနေ့ 23.6.19 ရက်နေ့တွင် မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ရေဘေးတုန်းကအိန္ဒိယနိုင်ငံမှ လှူဒါန်းထားတဲ့ ပိုနေတဲ့ အထည်တွေ အများပြည်သူ လှူဒါန်းထားသော အဝတ်အစား အထည်မျိုးစုံနှင့် ထပ်မံဖြည့်တင်းထားတဲ့ အဝတ်အစားများကို အမှန်တကယ်တကယ်လိုအပ်နေသည့် ပြည်သူများအနေဖြင့် ကျွန်တော်တို့ အထည်ဆိုင်မှာ လိုအပ်တဲ့ အဝတ်အစားတွေ အခမဲ့ ဝမ်းသာပျော်ရွှင်စွာ လာရောက်ယူငင်နိုင်ကြောင်း သိရှိရပါသည်။


ပိုလျှံနေသော သူများအနေဖြင့်လည်း မိမိတို့ အသုံးမပြုတော့သည့် အဝတ်အစား အသစ်နှင့်အဟောင်း မျိုးစုံကို ၎င်းတို့ အသင်းထံသို့ လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန် ဖုန်းနံပါတ်များမှာ
============================
မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အခမဲ့ ရွှေ့လျားအထည်ဆိုင်

09 784 784 199
09 785 785 199
09 260 144 199
057 2021640

No comments:

Post a Comment