Sunday, June 23, 2019

အင်းလေးကန်တွင်းရှိ ရေအရည်အသွေးစစ်ဆေးတိုင်းတာခြင်းကို ပုံမှန်စစ်ဆေးလျက်ရှိပြီး Heavy Metal ပါဝင်မှုမရှိကြောင်း သိရ

အင်းလေးကန်တွင်းရှိ ရေအရည်အ သွေး စစ်ဆေးတိုင်းတာခြင်းများကို ပုံမှန်စစ် ဆေးလျက်ရှိပြီး Heavy Metal ပါဝင်မှုမရှိဘဲ သန့်ရှင်းလျက်ရှိကြောင်း ရှမ်းပြည်နယ် ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးရုံးမှ သတင်းရရှိသည်။ ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၏ လုပ်ငန်း စဉ် (၅) ရပ်ထဲတွင် ပါဝင်သော သဘာဝပတ်ဝန်းကျင်တိုင်းတာခြင်းလုပ်ငန်းအဖြစ် လေ နှင့်ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး လေထုတိုင်းတာခြင်းကို တာချီလိတ်တွင် ယနေ့အထိ ပုံမှန်စစ်ဆေးတိုင်းတာလျက်ရှိပြီး ရေထုတိုင်း တာခြင်းလုပ်ငန်းကို အင်းလေးကန်နှင့် တောင်ကြီးမြို့တွင်း ပေးဝေလျက်ရှိသော ရေ ဦးရေထွက်များတွင် တိုင်းတာစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။



အင်းလေးကန်တွင် ပွိုင့်လေးနေရာကို တိုင်းတာခြင်းဖြစ်ကာ (၁) ရေလယ်ဗိုလ်တဲ၊ (၂) အင်းပေါခုံကျေးရွာ၊ (၃) ဇရပ်ကြီးစိုက် ပျိုးရေးခြံနှင့် (၄) ဟဲယာရွာမတို့တွင် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တစ်နှစ်ပတ်လုံးတိုင်းတာခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင်လည်း စဉ်ဆက် မပြတ်တိုင်းတာလျက်ရှိကြောင်း သိရသည်။ “အင်းလေးကန်မှာ ရေအရည်အသွေး တိုင်းနေတာ ပွိုင့်လေးခုတိုင်းတယ်။ ပွိုင့် လေးခုတိုင်းတာချိန်မှာ ပါရာမီတာ ၁၁ မျိုး တိုင်းပါတယ်။ အနေအထားအရဆိုရင် အင်းလေးကန်ရေအရည်အသွေးကို တိုင်းတာ နှစ် နှစ်ကျော်လာပြီ။ နှစ်နှစ်ကျော် ကာလအတွင်း မှာ အင်းလေးကန်ရေအရည်အသွေးသည် ဆိုးရွားတဲ့ အနေအထား မတွေ့ရပါဘူး။ နုန်း အနည်အနှစ်များတဲ့အနေအထားကို တွေ့ရ ပြီးတော့ တိုင်းတာမှု ရလဒ်တွေအရ Heavy Metal ပါဝင်မှုမရှိတာ တွေ့ရပါတယ်။ နုန်းအ နည်အနှစ်များတဲ့နေရာတွေမှာ DO Level ကျတာတွေ့ရပါတယ်။ စိုက်ပျိုးရေးကာလတွေ မှာ ဇူလိုင်၊ သြဂုတ်မှာ ဖောစဖိတ်တွေ နည်း နည်းများလာတာတွေ့ရပါတယ်။ ပိုးသတ် ဆေးဓာတ်မြေသြဇာ သုံးစွဲခြင်းကြောင့် ဖြစ် လာတာ၊ အရမ်းကို အန္တရာယ်ရှိနိုင်တဲ့ အနေ အထားကို ရောက်ရှိတာတော့ မတွေ့ရပါဘူး”ဟု ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိန်မမက ပြောကြားသည်။ 

No comments:

Post a Comment