Sunday, June 23, 2019

ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသို့ စွန့်ခွာထွက်ပြေးသွားကြသူ အားလုံးကို လက်ခံမည် မဟုတ်ဘဲ ဥပဒေနှင့်အညီ စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း UEHRD ဥက္ကဋ္ဌဌ၏ အကြံပေးပုဂ္ဂိုလ် ပြောကြား

ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသို့ စွန့်ခွာထွက်ပြေးသွားကြသူ အားလုံးကို လက်ခံမည်မဟုတ်ဘဲ ဥပဒေနှင့်အညီ စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးတိုးအောင်က ပြောကြားသည်။ ဇွန် ၂၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ပြုလုပ်သည့် UEHRD အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးတိုးအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



“ကျွန်တော်ပြောလိုတဲ့နေရာမှာ အသေအချာ ပြောလိုတဲ့ အချက်တစ်ချက်ကတော့ ပြန်လည် လက်ခံတယ်ဆိုတိုင်း ကျွန်တော်တို့က အကုန်လုံးကို လက်ခံမှာတော့ မဟုတ်ပါဘူး။ တရားဝင် စိစစ်ပြီးတော့ ကျွန်တော်တို့ ဥပဒေနဲ့အညီ၊ ကျွန်တော်တို့ မြန်မာနိုင်ငံ ဥပဒေနဲ့အညီ မြန်မာပြည်မှာ နေထိုင်သွားပြီးတော့မှ ပြောင်းရွှေ့သွားကြရတဲ့ ပုဂ္ဂိုလ်များကို ကျွန်တော်တို့ စိစစ်ပြီးတော့ လက်ခံမှာ ဖြစ်ပါတယ်” ဟု ဦးတိုးအောင်က ပြောကြားသည်။
ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသော ဘင်္ဂ࿿ါလီဦးရေ ခုနစ်သိန်းကျော် ရှိသည်ဟု ဘင်္ဂ္လားဒေ့ရှ်ဘက်က ပြောဆိုထားသော်လည်း မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သူများဖြစ်ပါက ပြန်လည်လက်ခံရန် အာမခံထားပြီးဖြစ်ကြောင်း UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

“အဲဒီဂဏန်းတွေက အရေးမကြီးဘူး။ အရေးကြီးတာက တို့နိုင်ငံမှာ တကယ်နေခဲ့တဲ့ လူတွေဆို ဆရာတို့ လက်ခံဖို့ အာမခံပြီးသား” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှ စွန့်ခွာထွက်ပြေး သွားကြသူများ နေရပ်ပြန်ရေးအတွက် အဆင်သင့်ဖြစ်နေပြီး ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာမည့် သူများအတွက် လက်ခံမည့် ကြားစခန်းများမှာလည်း ပျက်စီးမှု မရှိသေးကြောင်း ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

“မပျက်စီးဘူး။ ပျက်စီးတာကို သိရတယ်လို့ အဲဒီလို ပြောလို့မရဘူး။ ဆရာတို့အဖွဲ့ရှိတယ်။ အဆောက်အအုံတွေကို ပြန်မလာတဲ့အခါမှာ တစ်နှစ်ကျော်ကျော် အဆောက်အအုံ ဆောက်ထားရင်တော့ ဘယ်သူမှမရှိရင် ပြုပြင်ထိန်းသိမ်းမှုက လုပ်ဖို့လိုတယ်။ ဆရာတို့လုပ်ရမှာပဲ။ ပြန်လာရင် အဆင်သင့် ဖြစ်ဖို့ကတော့ ဆရာတို့ Ready ပဲ” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

ပြန်လည်လက်ခံရေး လုပ်ငန်းအတွက် မိမိတို့အနေဖြင့် အဆောက်အအုံများ၊ စခန်းများ တည်ဆောက်ထားပြီး လက်ခံရေးအတွက် အဆင်သင့် ဖြစ်နေသော်လည်း တရားဝင် ပြန်လာသူများ မရှိကြောင်း ဦးတိုးအောင်က ဆိုသည်။

“ပြန်လည်လက်ခံရေးကတော့ ကျွန်တော်တို့က အားလုံးသိကြတဲ့အတိုင်း စဖြစ်ခါစကတည်းက နိုင်ငံတော်က စေတနာနဲ့ ကျွန်တော်တို့ဘက်က အဆင်သင့်ပါဆိုပြီး အဆောက်အအုံတွေ ဆောက်တယ်။ ပြန်လည် လက်ခံရေးစခန်းတွေ ဆောက်တယ်။ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါတယ်။ သို့သော်လည်း အခြေအနေ အရပ်ရပ်အရ တရားဝင်ပြန်လာတဲ့လူ မရှိသေးသော်လည်း သူတို့ဘာသာသူတို့ သူတို့ရဲ့ Own Way နဲ့ ပြန်လာတဲ့လူ ရှိနေတာကိုလည်း ကျွန်တော်တို့ဘက်က Flexible ဖြစ်ဖြစ် လက်ခံပေးနေတာ ရှိပါတယ်” ဟု ဦးတိုးအောင်က ပြောကြားသည်။

ဘင်္ဂ࿿ါလီများအနေဖြင့် နေရပ်မပြန်သော်လည်း ရခိုင်ပြည်နယ်အတွင်း ပြည်လည်နေရာ ချထားရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေမည် ဖြစ်ကြောင်း ဦးတိုးအောင်က ဆိုသည်။

ထို့နောက် မီဒီယာများနှင့် တွေ့ဆုံရာတွင် သတင်းထောက် တစ်ဦး၏ နေရပ်စွန့်ခွာသူများ အနေဖြင့် နိုင်ငံသားဖြစ်ခွင့်၊ တရားစွဲဆိုခွင့်များ တောင်းဆိုမှုနှင့် ပတ်သက်၍ မည်သို့ညှိနှိုင်းသွားမည်နည်းဟု မေးမြန်းမှုအပေါ် ဒေါက်တာအောင်ထွန်းသက်က “ဘာမှ ညှိနှိုင်းစရာ မလိုဘူး။ သူတို့ ပြန်လာဖို့ပဲရှိတယ်။ ပြန်လာတာ၊ မလာတာ သူတို့တောင်းဆိုနေလို့ မရဘူး။ ဒါတွေက တောင်းဆိုချက်က သူတို့က ဒီဟာတင် မကဘူး။ တိုင်းရင်းသားပေးရမယ်တို့၊ နယ်မြေပေးရမယ်တို့ ဒါတွေက ဆရာတို့ အနေနဲ့ ကိုယ့်နိုင်ငံက တကယ်ထွက်သွားရင် ပြန်လာဖို့ပဲ ဆရာတို့က တိုက်တွန်းတာ” ဟု ပြောဆိုသည်။

No comments:

Post a Comment