Sunday, June 23, 2019

" လိုတဲ့သူယူ … ပိုတဲ့သူ လှူ" အစီအစဉ် နှင့် မော်လမြိုင်က အခမဲ့အထည်ဆိုင်

တကယ့်ကို မရှိဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်တွေဆီကို အရောက်သွားပြီး လှူဒါန်းမဲ့ အစီအစဉ်တခုပါ။ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ရေဘေးတုန်းက အိန္ဒိယနိုင်ငံမှ လှူဒါန်းထားတဲ့ ပိုနေတဲ့ အထည်တွေ အများပြည်သူ လှူဒါန်းထားတဲ့ အဝတ်အစား အထည်မျိုးစုံနဲ့ ထပ်မံဖြည့်တင်းထားတဲ့ အဝတ်အစား တွေ အများကြီး ရှိနေတဲ့အတွက် တကယ်လိုအပ်နေတဲ့သူတွေဆီကို အရောက်ပေးပို့ဖို့ ဒီအစဉ်အစဉ်ကို ချက်ချင်း လုပ်လိုက်ပါတယ်။



မရှိဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်က ပြည်သူတွေ ကျွန်တော်တို့ အထည်ဆိုင်မှာ လိုအပ်တဲ့ အဝတ်အစားတွေ အခမဲ့ လာယူနိုင်ပါတယ်။ အဲဒီလို ရပ်ကွက်မျိုးတွေဆီကိုပဲ သွားမှာပါ။ ပိုလျှံနေတဲ့ သူတွေကလဲ မိမိတို့ အသုံးမပြုတော့တဲ့ သေးသေး ကြီးကြီး အဝတ်အစား မျိုးစုံကို လာလှူနိုင်ပါတယ်။ ကျွန်တော်တို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်နေတဲ့ သူတွေဆီထံ အရောက် အခမဲ့ လိုက်လံ လှူဒါန်းပေးသွားမှာပါ။

" လိုတဲ့သူယူ … ပိုတဲ့သူ လှူ"
မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အခမဲ့ ရွှေ့လျားအထည်ဆိုင် လာပါပြီး …
တကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် လုပ်နိုင်သမျှ အကောင်းဆုံး တွေကိုပဲ ဆက်လုပ်ပေးနေပါ့မယ်။
09 784 784 199
09 785 785 199
09 260 144 199
057 2021640

No comments:

Post a Comment