Sunday, June 23, 2019

အာဖရိကနိုင်ငံများဖလားဖွင့်ပွဲတွင် အိမ်ရှင်အီဂျစ်အသင်း အနိုင်ရ

အာဖရိကနိုင်ငံများဖလား တွင် အိမ်ရှင်အီဂျစ်က ဇင်ဘာ ဘွေကို ၁-၀ ဂိုးဖြင့်အနိုင်ယူခဲ့သ ဖြင့် အီဂျစ်နိုင်ငံနှင့် လီဗာပူးတိုက် စစ် မှူးမိုဟာမက်ဆာလက်အ တွက် စိတ်သက်သာရာရခဲ့သည်။ ကွင်းလယ်လူ ထရီဇီဂတ်က ပထမပိုင်းပြီးခါးနီးတွင် အီဂျစ်အ တွက် တစ်လုံးတည်းသောအနိုင် ဂိုး သွင်းယူပေးခဲ့သည်။ အီဂျစ်သည် ပွဲအစတွင် အ ခွင့်အရေးများ ဖန်တီးနိုင်သော် လည်း အသုံးမချနိုင်ဘဲ ပွဲအစ ၂ မိနစ်အတွင်းရရှိခဲ့သော အခွင့်အ ရေးများ၌ ဆာလက်က နှစ်ကြိမ် ဖန်တီးပေးခဲ့သည်။ ဒုတိယပိုင်း တွင် ဆာလက်အနေဖြင့် အခွင့်အ ရေးနှစ်ကြိမ်ရရှိသော်လည်း ဇင် ဘာဘွေဂိုးသမားဆီဘန်ဒါနှင့် လူ စားဝင်ဂိုးသမား ချီပီဇီဇီက ကာ ကွယ်နိုင်ခဲ့သည်။



အနိုင်ရလဒ်က အရေးကြီး ပြီး ဂိုးအရေအတွက်က အရေးမ ကြီးကြောင်း အနိုင်ဂိုးရှင်ထရီဇီ ဂတ်က ပြောသည်။

‘‘ဆုဖလား ဆွတ်ခူးပြီး အီ ဂျစ်ပြည်သူတွေကို ကျေနပ် အောင် ကျွန်တော်တို့ ကြိုးစားနေ ပါတယ်’’ ဟု ထရီဇီဂတ်က ပြော သည်။ ပြင်းထန်သောပြဿနာတစ်စုံတစ်ရာမရှိဘဲ အဖွင့်ပွဲပြီးဆုံးခဲ့သဖြင့် ပြိုင်ပွဲစီစဉ်သူများ စိတ်သက်သာရာရခဲ့သည်။

အီဂျစ်သည် သမ္မတဟောင်း မူဘာရက်ခ်ကို ဖြုတ်ချခဲ့သည့် ၂၀၁၁ က အုံကြွမှုအပြီး အဓိက အားကစားပြိုင်ပွဲတစ်ခုကို ပထမ ဆုံးအကြိမ် လက်ခံကျင်းပခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်း (၁၆) သင်းမှ ၂၄ သင်းသို့ ပထမအကြိမ် တိုးမြှင့်ကျင်းပသော ယခုအာဖရိ ကဖလား ပြိုင်ပွဲအဖွင့်တွင် လက် ရှိအီဂျစ်သမ္မတ အယ်လ်စီစီတက် ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

No comments:

Post a Comment