Sunday, June 23, 2019

သံလွင်မြစ်အတွင်း စက်လှေ ခုနစ်စီးပေါ်တွင် တရားမ၀င်သစ်များ ဖမ်းမိ

မွန်ပြည်နယ် မော် လမြိုင်မြို့နယ် ဖားအောက်ချောင်း ပေါက်ဝအနီး သံလွင်မြစ်အတွင်း ဇွန်လ ၂၁ ရက်တွင် စက်လှေ ခုနစ်စီးပေါ်၌ တရားမ၀င် ပိတောက် သစ်တန် ၃၀၀ ခန့်ပိုင်ရှင်မဲ့ ဖမ်းဆီးမိကြောင်း မွန်ပြည်နယ်သစ်တော ဦးစီးမှူး ဦးမင်းသိန်းမြင့်က ပြော သည်။ အဆိုပါ စက်လှေများပေါ် တွင် လှေလုပ်သား  များပြား ကြောင်း မိမိတို့က လူအင်အားနည်းသဖြင့် ခြောက်လှန့်ပစ်ပြီး ၀င်ရောက်ဖမ်းဆီးသဖြင့် လှေလုပ်သားများ ရေထဲခုန်ချထွက် ပြေးသွားကြောင်း ၎င်းကဆိုသည်။



‘‘စက်လှေအကြီး နှစ်စီးနဲ့ အသေးငါးစီး စုစုပေါင်း ခုနစ်စီး ဖမ်းဆီးမိတယ်။ စက်လှေပေါ်မှာ ပိတောက်သစ်တန်ချိန် ၃၀၀ လောက်ခန့်မှန်း ဖမ်းဆီးရမိတယ်။  လှေသားတွေတစ်ဦးမှ မမိဘူး။ အားလုံး ရေထဲခုန်ချထွက်ပြေး သွားလို့’’ ဟု ဦးမင်းသိန်းမြင့်က ပြောသည်။

တရားမ၀င်သစ်များ ဖမ်းမိ သည့် စက်လှေ ခုနစ်စီးနှင့် ဆက် စပ် တရားခံများကို စုံစမ်းရှာဖွေမည်ဖြစ်ပြီး ဥပေဒနှင့်အညီ ထိ ရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ ၂၀၁၈ နိုဝင်ဘာက ပေါင်မြို့နယ် ဘိုင်လောင်းချောင်းအနီး မရမ်းချောင်းဝ ပင်လယ်ပြင်တွင် တရားမ၀င် သစ်မှောင်ခိုလှေ တစ်စီး၊ ကဲ့လှေ သုံးစီး၊ ပဲ့ထောင် နှစ်စီးတို့ ဖမ်းမိပြီး ကျပ်သိန်း ၅၆၀ ခန့်တန်ဖိုးရှိ ပိတောက်နှင့် အခြားသစ်ခွဲသားတန် ၇၀ ခန့်နှင့် လှေ လုပ်သား၂၇ ဦးကို မောရ၀တီ ရေတပ်စခန်း က ဖမ်းဆီးရမိခဲ့သည်။

No comments:

Post a Comment