Sunday, June 23, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၅၉(စ)အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးပုဒ်မ-၂၆၁အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး ဆန္ဒဖော်ထုတ်

ချောင်းဦးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) ပုဒ်မ ၅၉(စ)အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ-၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေးအတွက် ပြည်သူလူထုများက ယနေ့နံနက် ၆နာရီမှ ၈နာရီအထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒ ဖော် ထုတ်ခဲ့ကြသည်။အဆိုပါဆန္ဒဖော်ထုတ်မှုအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ-၄နှင့်အညီ သက်ဆိုင်ရာသို့တင်ပြ၍ ငြိမ်းချမ်းစွာစီတန်းလှည့် လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ဆန္ဒဖော်ထုတ်သူများအနေဖြင့် ''ပုဒ်မ၅၉(စ)ကာကွယ် စောင့်ရှောက်ရေး၊ အခြေခံဥပဒေကိုပြင်ချင်ရင် ဥပဒေနှင့်အညီ ပြင်ပါ။ပုဒ်မ-၂၆၁ကိုဥပဒေနှင့်အညီပြင်ဆင်ပေးရေး ''စသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်၍ စီတန်းလှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

စီတန်းလှည့်လည်ကြရာတွင် ငါးယောက်တွဲဘေးမှကြီး ကြပ်သူတစ်ဦးပါဝင်ကာငြိမ်းချမ်းစွာစီတန်း လှည့်လည်၍ ပုဒ်မ၅၉(စ)ကာကွယ် စောင့်ရှောက်ရေး (ဒို့အရေး)၊ ဥပဒေ နှင့်အညီ အခြေခံဥပဒေပြင်ဆင်ရေး (ဒို့အရေး)၊ ပုဒ်မ၂၆၁အား ဥပဒေနှင့်အညီပြင်ဆင်ပေးရေး(ဒို့အရေး)စသည့် ကြွေးကြော်သံ များအား သံပြိုင်ဟစ်ကြေွးခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများအနေဖြင့် ချောင်းဦးမြို့ မြို့သစ်ရပ် ကွက်မှတစ်ဆင့် မန္တလေး-မုံရွာလမ်း လမ်းမကြီးအတိုင်း ချောင်းဦးမြို့နယ် အားကစားကွင်းအထိ ပြည်သူလူထုများက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ မောင်မောင်မြင့်(ချောင်းဦး)

No comments:

Post a Comment