Sunday, June 23, 2019

စစ်တွေမြို့ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သော တပ်မတော် (ရေ) တွဲဆွဲသင်္ဘ࿿ောတစ်စင်းကို AA အဖွဲ့က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်

စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သော တပ်မတော် (ရေ)  တွဲဆွဲ သင်္ဘ࿿ောတစ်စင်းကို ဇွန် ၂၂ ရက် နံနက် ၃ နာရီခွဲတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ြ ဖစ်စဉ်မှာ အဆိုပါရေယာဉ်သည် စစ်တွေမြို့ရှိ သင်္ဘ࿿ောများဝင်ထွက်ရာ ဆတ်ရိုးကျချောင်းဝ၌ ရပ်နားထားစဉ် ဇွန် ၂၂ ရက် နံနက် ၃ နာရီကျော် အချိန်ခန့်တွင် AA အဖွဲ့ က လောင်ချာဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် နှစ်ချက်မှာ ထိမှန်ပေါက်ကွဲခဲ့သဖြင့် ရေယာဉ်နှင့် လူအနည်းငယ် ထိခိုက်ခဲ့ခြင်းရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးဝင်းဇော်ဦးက ပြောကြားသည်။



“မနေ့က ၃ နာရီကျော်မှာပေါ့။  ဆတ်ရိုးကျချောင်းဝမှာ ရပ်နားထားတဲ့ တွဲယာဉ်လို့ခေါ်တဲ့ ရေယာဉ်တစ်စီးကို AA က လောင်ချာနဲ့ သုံးချက်ပစ်တယ်ပေါ့။ တစ်ချက်က မကွဲဘူး။ ဒါကြောင့် တွဲယာဉ်ရဲ့ ဦးပိုင်းနဲ့ နောက်ပြီးကို နှစ်ချက်မှန်တယ်။ ရေယာဉ်ကတော့ အနည်းအကျဉ်းပျက်စီးပြီး လူတွေကတော့  အနည်းအကျဉ်း ဒဏ်ရာရတယ်။ အဲဒါကြောင့် အဲဒီဝန်းကျင်မှာ တပ်တွေနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူး ဝင်းဇော်ဦးက ပြောကြားသည်။
ဆတ်ရိုးကျချောင်းသည် စစ်တွေမြို့ထဲ သို့ဝင်သော ချောင်းဖြစ်ပြီး ခရီးသည်တင် သင်္ဘ࿿ောအများစုသည် အဆိုပါချောင်းကို ဖြတ်၍ စစ်တွေမြို့ထဲသို့ သွားရောက်ရကာ  အဆိုပါချောင်းအတွင်း ရပ်နားထားသည့် တပ်မတော် (ရေ) ၏ တွဲဆွဲသင်္ဘ࿿ောတစ်စင်းကို AA အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

“ဆတ်ရိုးကျချောင်းမှာ ကျွန်တော်တို့ ရပ်ထားတဲ့ ရေတပ်က ကျွန်တော်တို့ တပ်မတော် (ရေ) ရဲ့ တွဲဆွဲသင်္ဘ࿿ောတစ်စင်းပေါ့။ တွဲဆွဲသင်္ဘ࿿ောက ကျွန်တော်တို့ တခြားသင်္ဘ࿿ောတွေကို စက်မပါတဲ့သင်္ဘ࿿ောတွေကို တွဲတာတို့၊ ဆွဲတာတို့ အဲဒီလိုလုပ်တဲ့သင်္ဘ࿿ောများတယ်။ အဲဒီသင်္ဘ࿿ောကို  လျှပ်စစ်နဲ့ ရှော့တိုက်တဲ့ ဒုံးနဲ့  ပစ်ခတ်သွားတယ်။ အဲဒီသင်္ဘ࿿ော အဲဒီကို ရောက်နေရတဲ့အကြောင်းက အဲဒီသင်္ဘ࿿ောက စစ်တွေ အဲဒီဘက်က ရခိုင်ပြည်နယ်ဘက်မှာက မိုးတွင်းဆို သဘာဝဘေးအန္တရာယ်ကျတော့ သင်္ဘ࿿ောတွေ မြုပ်တာတွေ ဘာတွေရှိ တယ်။ အရင်တစ်ခါတုန်းက ကျွန်တော်တို့ တောင်ကုတ်ဘက်ကလာတဲ့ သင်္ဘ࿿ောတစ်စီး မြုပ်ဖူးတယ်။ အဲဒီသင်္ဘ࿿ောတွေကတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ရောက်နေတာပေါ့။ အဲဒါကို ကျွန်တော်တို့ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးနဲ့ ပစ်သွားတာ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယခုပစ်ခတ်သွားခဲ့သော ဒုံးလက်နက် အမျိုးအစားသည် လောက်ကိုင်တိုက်ပွဲတွင်  ကိုးကန့်လက်နက်ကိုင်အဖွဲ့က အများဆုံးအသုံးပြုခဲ့သော ဒုံးလက်နက်အမျိုးအစား ဖြစ်ပြီး လောက်ကိုင်တိုက်ပွဲအတွင်း လူထုအဆောက်အအုံများကို အဆိုပါ ဒုံးအမျိုးအစားဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“AA အဖွဲ့ကပဲ ပစ်သွားတာပါ။ ဆက်လက်ဆောင်ရွက်နေတာကတော့ အဲဒီမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရော တပ်ကရောက ကျွန်တော်တို့ လုံခြုံရေးအရ စိစစ်တာတွေ လုံခြုံရေးအရ ဆက်လက်ဆောင်ရွက်စရာရှိတာတွေ လုပ်ဆောင်နေပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာဘက်တွင် ဇွန် ၂၀ ရက်က နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် မသင်္က࿿ာဖွယ်လူရှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ゞင်းတို့အား စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ရန်အတွက် မြောက်ဦးရဲစခန်းသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

“အခြေအနေကတော့ ကျွန်တော်တို့ မြောက်ဦး ဝေသာလီတစ်ဝိုက်မှာ လုံခြုံရေးဆောင်ရွက်နေတယ်။ အဲဒီမှာ AA က ဖြစ်ဖို့ များပါတယ်။ မသင်္က࿿ာဖွယ် အမျိုးသားရှစ်ယောက်ကို ဖမ်းဆီးရမိတယ်။ လက်နက်တွေတော့ မပါပါဘူး။ အဲဒါကို စစ်ဆေးဖို့ မြောက်ဦးကို ပို့ထားတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းသည် ဇွန် ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကျောက်တော်မြို့၏ အရှေ့ဘက်မီတာ ၁၁၀ဝ ခန့်အကွာရှိ ကျောက်ဆည်ပြင်ကျေးရွာအနီးသို့ အရောက်၌ AA အဖွဲ့မှ အင်အား ၅၀ ခန့်က လက် နက်ကြီး လက်နက်ငယ်များဖြင့် အသင့်စောင့်ကြို တိုက်ခိုက်လာခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့ဝင်များသည် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ AA အဖွဲ့ဝင်များ ဆုတ် ခွာထွက်ပြေးသည့်နေရာများနှင့် ကျောက်ဆည်ပြင်ကျေးရွာအနီး လိုက်လံရှာဖွေခဲ့ရာ  ကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်၌ ဒေသခံ ရိုးသားသည့် ရွာသူ၊ ရွာသားများနှင့်အတူ မသင်္က࿿ာဖွယ်လူငယ်အမျိုးသား ၂၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာရှိ ရပ်မိ၊ ရပ်ဖ များနှင့် ရွာခံများအား ပြသရာ မျက်နှာစိမ်းများဖြစ်ကြောင်း သိရှိရသဖြင့် ခေတ္တထိန်းသိမ်းထားရှိပြီး ဇွန် ၁၄ ရက်တွင် ကျောက် တော်မြို့မရဲစခန်းသို့ လွှဲပြောင်း၍ အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇွန် ၁၇ ရက်တွင်  သတင်းထုတ်ပြန်ထားသည်။ 

No comments:

Post a Comment