Sunday, June 23, 2019

Free Burma Rangers အဖွဲ့၏ လှုပ်ရှားမှုကို စောင့်ကြည့်၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဟုဆို

အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်းများဖြင့် ဦးဆောင်ဖွဲ့စည်းထားသည့် Free Burma Rangers အဖွဲ့၏ လှုပ်ရှားမှုကို စောင့် ကြည့်ပြီး လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီကပြောကြားလိုက်သည်။ “ Free Burma Rangers အဖွဲ့ ၀င်ရောက်လာတဲ့ လမ်းကြောင်းကတော့ တရားမ၀င်လမ်းကြောင်းတွေကိုပဲ အသုံးပြုပြီး သွားတဲ့ အနေအထားမျိုးပါ။ သူတို့ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာ လုပ်ဆောင်သွားမှာပါ” ဟု ၄င်းကပြောသည်။



နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဇွန်လ ၂၂ ရက်ကပြုလုပ်သော ပြည်တွင်းငြိမ်းချမ်း ရေးဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် Free Burma Rangers အဖွဲ့ဝင်ရောက်လာသည့် လမ်းကြောင်း၊ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိနေခြင်းရှိမရှိ သိရှိလိုကြောင်း သတင်းထောက်၏မေးမြန်းမှုကို ဗိုလ်ချုပ် ထွန်းထွန်းညီက အထက်ပါအတိုင်း ထည့် သွင်း ပြောကြားခဲ့သည်။

“ Free Burma Rangers အဖွဲ့ဟာ တရားဝင် ၀င်လာတဲ့အဖွဲ့အစည်း မဟုတ်ပါဘူး။အာဖဂန်နစ္စတန်တို့၊အခြားသော နိုင်ငံတွေမှာ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း၊လုပ်ပုံလုပ်နည်းက နိုင်ငံတခုအပေါ်မှာ တရားမ၀င် ၀င်ရောက်ပြီးတော့မှ သက်သျှို ၀င်ရောက် ဆောင် ရွက်ပြီးလုပ်ဆောင်နေကြောင်း တွေ့ရှိရပါတယ်။ ဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံက EAO အဖွဲ့တွေနဲ့ လိုက်ပါပြီးတော့ လှုပ်ရှားတယ်။ တပ်မတော်ရဲ့ သတင်းတွေ စုဆောင်းတယ်။မဟုတ်မမှန်သတင်းတွေ ဖြန့်တယ်။ပြီးရင် တိုက်ပွဲဖြစ်လို့ ဒဏ်ရာရ လူနာတွေကို ဆေးကုပေးတယ်။လက်နက်ကိုင် အဖွဲ့တွေ အတွက် ငွေကြေး၊စားနပ်ရိက္ခာ ၊အ၀တ်အထည် အသုံးအ ဆောင်၊လက်နက်ခဲ ယမ်း ထောက်ပံ့ပေးတာတွေ၊သင်တန်းပေးတာတွေ လုပ်တယ်။လူသားချင်းစာနာထောက်ထားတယ်။လူ့အခွင့်အရေး စာနာထောက် ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၀ါဒဖြန့်ချီပေးပြီး မိမိတို့ရဲ့ ရိုးသားတဲ့ တိုင်းရင်းသားတွေရဲ့ စိတ်ကိုလွှမ်းမိုးထားကြ ပါ တယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေအပေါ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တွေဝေသွားအောင် လိုက်ပါ လုပ်ဆောင်လိုစိတ်မရှိအောင် နည်းပေးလမ်းပြလုပ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို လုပ်လို့မရအောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

Free Burma Rangers အဖွဲ့ကို အမေရိကန် ကြည်းတပ်၊ Rangers အထူးတပ်ဖွဲ့ဝင်ဟောင်းများဖြင့် ၁၉၉၇ခုနှစ်က စတင်ဖွဲ့ စည်း ခဲ့ခြင်းဖြစ်ပြီး ယင်းကာလမှစ၍ မြန်မာ့တပ်မတော်နှင့် KNUအကြားတိုက်ပွဲများ၌ စစ်ဘေးရှောင်များအား ဆေးဝါးများ ထောက်ပံ့ ပေးခဲ့ကြောင်း၊ ယင်းအဖွဲ့စတင်ဖွဲ့စည်းရာတွင် လူ့ဂုဏ်သိက္ခာ၊တရားမျှတမှု ပြန်လည်ပေါင်းစည်းရေးတို့အတွက် ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်ရေး (Free the Oppressed ) ဟူသော အမေရိကန်အထူးတပ်ဖွဲ့ဆောင်ပုဒ်အတိုင်း Vision ရေးဆွဲထားပြီး မြန်မာ နိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)ရှိနေသည့် နယ်မြေများရှိ ပြည်သူလူထုအတွက် ကူညီခြင်း၊ မျှော်လင့် ချက်ပေးခြင်း၊မေတ္တာတရားဖြည့်ဆည်းပေးခြင်းများဆောင်ရွက်သည်ဟု ဖော်ပြထားကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ရှင်းပြသည်။

“ သူတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပြန်ကြည့်လိုက်တော့ KNLA ကိုသာ အဓိကထားပြီး အရင်ကလုပ်ခဲ့ပေမယ့် နောက် ပိုင်းမှာ တခြားသော EAO အဖွဲ့အစည်းတွေထဲက တဖွဲ့ကို ၄၊ ၅ဦးနှုန်းနဲ့ ကျား/မ အင်အား ၁၀၀ခန့်ကို သင်တန်းတွေပေးပါတယ်။ သင်တန်းကိုတော့ များသောအားဖြင့် KNLA ထိန်းချုပ်နယ်မြေထဲမှာ နှစ်စဉ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ သင်တန်း ပေးတယ်လို့သိရတယ်” ဟု ၄င်းကပြောသည်။

ယင်းသို့ Free Burma Rangers အဖွဲ့က သင်တန်းပေးရာတွင် ဆေးဖက်ဆိုင်ရာသင်တန်း၊ သွားကုသရေးဆိုင်ရာ သင် တန်း၊ သံလိုက်အိမ်မြှောင်အသုံးပြုနည်း၊သတင်းပေးပို့နည်း၊ Geneva Convention Law of war ၊Leadership Principal Ethics ၊ မီဒီ ယာ၊ဒရုန်းအော်ပရေးရှင်းသင်တန်းများ ပို့ချပေးနေကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ရှင်းပြသည်။

No comments:

Post a Comment