Sunday, June 23, 2019

အာဆီယံ ထိပ်သီး အစည်းအဝေးများ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံသို့ပြန်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တည်းခိုရာ ဟိုတယ်မှ ထွက်ခွာ

Image may contain: 4 people, people standing၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် အစည်းအဝေးပွဲများ ပြီးဆုံးပြီဖြစ်၍ ဘန်ကောက်မြို့မှ ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် မြန်မာ နိုင်ငံသို့ ပြည်လည်ထွက်ခွာတော့မည် ဖြစ်သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် တည်းခိုရာ The Okura Prestige မှ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့် (မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်တွင်) ထွက်ခွာသွားခဲ့သည်။

ထို့နောက် လေဆိပ်သို့ မထွက်ခွာမီ ထိုင်း နိုင်ငံရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးမိသားစုများနှင့် တွေ့ဆုံရန်ရှိကြောင်း စုံစမ်းသိရှိရပြီး ယင်းနောက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

No comments:

Post a Comment