Sunday, June 23, 2019

အမေရိကန် မီချီဂန်တွင် မိုးသည်းထန်ပြီး ရေကြီးသဖြင့် တက္ကသိုလ်ဘောလုံးကွင်း ရေကူးကန် ဖြစ်သွား

Image may contain: outdoorအမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်မှာ မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီးနောက် Western Michigan တက္ကသိုလ်ရှိ ဘောလုံးကွင်းဟာ ရေကူးကန်အလား ဖြစ်သွားခဲ့ပါတယ်။ မီချီဂန်ပြည်နယ် ကာလာမာဇူးမြို့မှာ တစ်ညလုံး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကြာသပတေးမနက် မှာတော့ အဆိုပါ တက္ကသိုလ်ဘောလုံးကွင်းဟာ ဘောလုံးပွဲကျင်းပတာကနေ ရွက်လှေပြိုင်ပွဲသို့ ပြောင်းပြီးကျင်းပလို့ရလောက်တဲ့ထိ ရွံ့ကန်ကြီးဖြစ်သွားခဲ့ပါတယ်။


သည်းထန်တဲ့မိုးရွာသွန်းမှုကြောင့် ကျောင်းပရဝုဏ်တွင်းမှာ ရေနုတ်မြောင်းစနစ်တွေ အလုပ်မလုပ် တော့တဲ့အထိ ရေကြီးသွားခဲ့ပြီး ဘောလုံးကွင်း၊ ဘေ့စ်ဘောကွင်း၊ ကားပါကင် စတဲ့နေရာတွေမှာမှာ အခုလို ရေတွေပြည့်လာခဲ့ပါတယ်။ ၄င်းမှာ အနီးဝန်းကျင်က အဆောက်အဦးတွေ ပျက်စီးမှုကို ကာကွယ်ဖို့အတွက် ရေကူးကန်လိုဖြစ်နေတဲ့ ဘောလုံးကွင်းက ရေထွက်ပေါက်တွေကို ကြာသပတေးနေ့ မနက်မှာ ပိတ်ပစ်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Paula Davis ကပြောပါတယ်။

ထိုကဲ့သို့ဖြစ်ပွားခဲ့တာကြောင့် မိုးလေ၀သဌာနက ကာလာမာဇူးမြို့အတွက် ရေကြီးရေလျှံမှုနဲ့ ပတ်သတ်တဲ့ သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ မိုးရေချိန် ၄ လက်မ လောက်အထိ ရွာသွန်းခဲ့ပြီး ထိုသို့ဆက်လက်ရွာသွန်းခဲ့မယ်ဆိုရင် ထိုဘောလုံးကွင်း ရေကူးကန်ဖြစ်သွားသလိုမျိုး အခြားမှာလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ သတိပေးပြောကြားထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း အဆိုပါ ဘောလုံးကွင်းမှာပဲ ယခုလို ရေကြီးခဲ့တာကြောင့် Western Michigan တက္ကသိုလ် နဲ့ Akron တက္ကသိုလ်တို့ ကန်ကြမယ့်ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ကြာသပတေးနေ့ နေ့လယ်ပိုင်းလောက်မှာပဲ ရေထွက်ပေါက်တွေကို ပြန်ဖွင့်ခဲ့ပြီး ဘောလုံးကွင်း ရေကြီးမှုအခြေအနေတွေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် ဘောလုံးကွင်းကို ပြန်မြင်နိုင်ပြီ ဖြစ်ကြောင်း Paula Davis က CNN သတင်းဌာနကိုပြောခဲ့ပါတယ်။

No comments:

Post a Comment