Sunday, June 23, 2019

မင်းကင်းတွင် ကားမှောက်၍ ကလေးငယ်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က Hijet ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ ကလေးငယ်တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မင်းကင်းမြို့မရဲစခန်းထံမှ သိရသည်။ မင်းကင်းမြို့မှ သင်္ဘောကျေးရွာသို့ မင်းကင်း-မြို့မကားလမ်းအတိုင်း ခရီးသည် ၇ ဦး တင်ဆောင်မောင်းနှင်လာသည့် ဟိုက်ဂျက်ကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်လူ ၅ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် မင်းကင်းမြို့၊ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မင်းကင်းမြို့မရဲစခန်းက ယာဉ်မောင်း သူရအောင်၂၇ နှစ်ကို ယာဉ် (ပ) ၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ -၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment