Thursday, June 27, 2019

လူမှုဖူလုံရေးအဖွဲ့၏ အငယ်တန်းစာရေး အလုပ်အကိုင် ရာထူးအတွက် BE အင်ဂျင်နီယာဘွဲ့ရများ ထည့်သွင်းခေါ်ယူနေခြင်းအပေါ် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှ များစွာ ဝမ်းနည်းရကြောင်း သဘောထား ထုတ်ပြန်

လူမှုဖူလုံရေး အဖွဲ့၏ အငယ်တန်းစာရေးအလုပ် အကိုင်ရာထူးအတွက် BE အင်ဂျင်နီယာဘွဲ့ရများထည့်သွင်း ခေါ်ယူနေခြင်းအပေါ် မြန်မာ့အင်ဂျင် နီယာပညာရေးကို ပြက်ရယ်ပြုဟုဆိုကာ ကန့်ကွက် ခံနေရကြောင်းသိရသည်။ ယင်းကဲ့သို့ ကန့်ကွက်ရှုတ်ချ ကြောင်းကို နည်းပညာတက္ကသိုလ် မှော်ဘီကျောင်းသားများသမဂ္ဂမှ ဇွန် ၂၂ ရက်ကလည်းကောင်း၊ မြန်မာ့အင်ဂျင်နီယာပညာရေး၏မူလ ရည်ရွယ်ချက်နှင့် ရည်မှန်းချက် များကွဲလွဲနေသဖြင့် ဝမ်းနည်းရ ကြောင်းတို့ကို မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းချုပ်တို့မှလည်းကောင်း ဇွန်၂၅ရက်တို့တွင် အသီးသီး သ ဘောထားထုတ်ပြန်ထားကြောင်း သိရသည်။



မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ သဘောထားထုတ်ပြန်ချက်တွင်လည်း ဇွန်၂၁ရက်ထုတ် မြန်မာ့အလင်းသတင်းစာစာမျက် နှာ ၂၆၊ ကော်လံ ၁ တွင်ပါရှိသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့မှအငယ်တန်း စာရေးရာထူး ၈၄ နေရာအတွက် အလုပ်လျှောက်လွာခေါ်ယူခြင်း ကြေညာစာ ပညာအရည်အချင်း သတ်မှတ်ချက်တွင် BE(EC) ၊ BE (EP)၊ BE (IT)၊ BE(IST) များကို ထည့်သွင်းဖော်ပြထားကြောင်း သိရှိရကြောင်း၊ BE(EC) ၊ BE (EP)၊ BE (IT)၊ BE(IST) ဘွဲ့ရ များကို အငယ်တန်းစာရေးရာထူးအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်းသည်၊ အင်ဂျင်နီယာများ မွေးထုတ်သင်ကြားလေ့ကျင့်ပေးသည့် မြန်မာ့အင်ဂျင်နီယာပညာ ရေး၏ မူလရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ကွဲလွဲနေသဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ များစွာ ဝမ်းနည်းရကြောင်းသဘောထားထုတ်ပြန်အပ်ဟု ဖော်ပြထားသည်။

ယင်းသို့ သဘောထားထုတ်ပြန်ချက်များ ကန့်ကွက်ချက်များနှင့် ပတ်သက်၍ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် အေးက'' အငယ်တန်းစာရေးရာထူးအတွက် BE ဘွဲ့ရမှမဟုတ်ပါဘူး။ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရဆိုတာလည်း ကြေညာစာမှာပါပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ သတင်းနဲ့ နည်းပညာဌာနရှိတယ်ဗျာ့။ အဲ့ဒီဌာနမှအသုံးပြုဖို့ပါ။ အငယ်တန်းစာ ရေးရာထူးတော့မှန်တယ် သို့ပေမဲ့ တကယ်တမ်းစာရေးလုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သက်ဆိုင်ရာသတင်းနဲ့ နည်းပညာ ဌာနအတွက်ထားဖို့ပါ။ ဒါကိုလည်း အကန့်သတ်ရှိပါတယ်။ အများကြီး ခေါ်မှာမဟုတ်ပါဘူး'' ဟု ညွှန်ကြား ရေးမှူးချုပ်ဦးမောင်မောင်အေးက ဒီမိုကရေစီတူဒေးသို့ ဇွန်၂၅ရက်က ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ သတင်းနှင့်နည်းပညာဌာနတွင် ကွန်ပျူတာပိုင်းဆိုင်ရာ develop လုပ်ဆောင် ရေးအပိုင်းများ၊ software ရေးဆွဲသည့် အပိုင်းများအစရှိသည့် လုပ်ငန်းများအတွင်း ယင်းဘွဲ့များကို ခေါ်ယူခြင်းဖြစ်ကြောင်း ညွှန်ကြား ရေးမှူးချုပ်က ဆက်လက်ပြောသည်။ ''ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က ဘယ်လိုခေါ်ရမယ်ဆိုတာ သတ်မှတ်ချက်မျိုးမရှိပါဘူး။ နှစ်တိုင်းလည်းဒီလိုပဲခေါ်နေတာပါ။ ကန့်ကွက်မှုက ဒီနှစ်မှတွေ့ရတာပါ။ ပြီးတော့ ဒါကိုလည်း လျှောက်ထားသူတွေအနေနဲ့ မဖြစ်မနေလျှောက်ထားရမယ်ဆိုတာမျိုး ခေါ်နေတာ မဟုတ်ပါဘူး။ သူတို့သဘောဆန္ဒ ပါ။ ကြိုက်ရင် လျှောက်ထားနိုင်သလို မကြိုက်ရင်မလျှောက်လည်း ရပါတယ်''ဟု ၎င်းင်းက ဆိုထားသည်။

သို့သော် ကန့်ကွက်မှုများအ နေဖြင့်လည်း နည်းပညာတက္ကသိုလ် မှော်ဘီကျောင်းသားများသမဂ္ဂမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လျှောက်လွှာ ခေါ်ယူခြင်းပါ ပညာအရည်အချင်း သတ်မှတ်ချက်အရ BE ဘွဲ့ရ အင်ဂျင်နီယာများအား အငယ်တန်းစာရေး (လစာနှုန်းတစ်သိန်း ရှစ် သောင်းမှ တစ်သိန်းကိုးသောင်း) ရာထူးအတွက် ခေါ်ယူထားကြောင်း သိရှိရပြီး BE အင်ဂျင်နီယာဘွဲ့ရများအား အငယ်တန်းစာရေး ရာထူးအတွက် ခေါ်ယူခြင်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာ ရေးကို ပြက်ရယ်ပြုသကဲ့သို့ဖြစ်နေသည့်အတွက် နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းကို ၎င်းင်းဝန်ကြီးဌာနသို့ တုံ့ပြန်စာကို ဇွန် ၂၂ ရက်က ပေးပို့ထားကြောင်းသိရသည်။

No comments:

Post a Comment