Thursday, June 27, 2019

ရေနစ်သေဆုံးခဲ့သည့် သားအဖ ၂ ဦး ဓာတ်ပုံ ပျံ့နှံ့ပြီးနောက် ရွှေ့ပြောင်းသူများ၏ အခက်အခဲ သတိပြုစရာဖြစ်

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ ရေနစ်သေဆုံးတဲ့ သားအဖနှစ်ဦး ဓာတ်ပုံတွေကြောင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအတွက် အန္တရာယ်ကြီးမားပုံကို တကမ္ဘာလုံး သိရှိလာခဲ့ပါတယ်။ေ ရွှ့ပြောင်းသားအဖနှစ်ဦး သေဆုံးတဲ့အပေါ်မှာ ပုပ်ရဟန်းမင်းကြီးကလည်း အလွန်အမင်း ဝမ်းနည်းမိတယ်လို့ ဇွန်လ ၂၆ ရက်နေ့က ပြောပါတယ်။ အယ်လ်ဆာဗေဒိုနိုင်ငံသား အော်စကာ အယ်ဘတ်တို မာတီးနက်စ် ရာမီရက်ဇ်နဲ့ ၂ နှစ်သမီး အရွယ် ဗာလယ်ရီယာတို့ရဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ပြီးနောက် ရွှေ့ပြောင်းလာသူတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ ဆွေးနွေးငြင်းခုံစရာ ဖြစ်လာပါတယ်။



ကွယ်လွန်သူ မာတီးနက်စ်ရဲ့ မိခင်ဖြစ်သူက မာတီးနက်စ်ဟာ မိသားစုနောင်ရေးကောင်းဖို့ အမေရိကကို သွားခဲ့တာဖြစ်ပြီး သူဟာ သမီးဖြစ်သူကို အလွန်ချစ်မြတ်နိုးတယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ မာတီးနက်စ်က သမီးဖြစ်သူကို အင်္ကျီအတွင်း ထည့်ထားပြီး ဗာလယ်ရီယာကလည်း ဖခင်ဖြစ်သူလည်ပင်းကို သိုင်းဖက်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုအနေနဲ့ ရွှေ့ပြောင်းလာသူတွေကို မထိန်းချုပ်ရင် သွင်းကုန်ခွန် စည်းကြပ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ ဒါကြောင့်လည်း မက္ကဆီကိုဟာ ရွှေ့ပြောင်းလာသူတွေကို နည်းလမ်းပေါင်းစုံနဲ့ တားဆီးနေပါတယ်။

အဲဒီလို လူဝင်မှု တပ်းကျပ်တဲ့အတွက် ရွှေ့ပြောင်းလာသူတွေဟာ တရားမဝင် လမ်းကြောင်းသစ်တွေကို ရှာဖွေလာတယ်လို့ ရွှေ့ပြောင်းသူရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

No comments:

Post a Comment