Thursday, June 27, 2019

ပေါ့ဘာကို မခေါ်ယူနိုင်ခဲ့ပါက ၎င်းရဲ့ အစား ရီးရဲယ်မက်ဒရစ် အသင်း ပစ်မှတ်ထားနေတဲ့ ကစားသမား ၃ ဦး ထွက်ပေါ်လာခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို လက်လွှတ်သွားဖို့ မရှိတဲ့ အခြေအနေကြောင့် ရီးရဲယ်မက်ဒရစ် အသင်းဟာ ၎င်းရဲ့ အစား အခြား ပစ်မှတ်တွေ ဘက်ကိုသာ မျှားဦးလှည့် သွားဖို့ ပြင်ဆင် နေပါတယ်။ ပြင်သစ် နဲ့အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပေါ့ဘာဟာ ယူနိုက်တက် ကနေ ထွက်ခွာ သွားဖို့ ရှိနေတာနဲ့ ပက်သက်ပြီး မကြာသေးမီက လူသိရှင်ကြား ထုတ်ဖော် ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဘက်ကတော့ ပြင်သစ် လက်ရွေးစင် ကို အသင်းမှာ ဆက်ထိန်းထားဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချထားတယ်လို့ သိရပါတယ်။ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ အလားအလာ နည်းပါး နေတာကြောင့် ရီးရဲယ်ဟာ ၎င်းရဲ့ အစား ကစားသမာ ၃ ဦး ကို ဆန်ကာတင် ပစ်မှတ် အဖြစ် သတ်မှတ် ထားပါတယ်။



ပထမတစ်ဦး ကတော့ ပြီးခဲ့တဲ့ ရာသီက အိုင်ယက်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပို့ဆောင် ပေးခဲ့တဲ့ ဗန်ဒီဘိ ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဗန်ဒီဘိ ရဲ့ စွမ်းဆောင်ရည် ကိန်းဂဏန်း တွေကတော့ အရမ်း ကောင်းလှပါတယ်။ ၎င်းဟာ အိုင်ယက် အတွက် စုစုပေါင်း ၅၇ ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး ဒဏ်ရာ တစ်ကြိမ်မှ မရခဲ့သလို ပွဲပယ်လည်း မရှိခဲ့ပါဘူး။ ဒါ့အပြင် အသင်းအတွက် ကွင်းလယ် ကနေ ၁၇ ဂိုးထိ သွင်းယူကာ ၁၃ ဂိုး ဖန်တီးမှု လုပ်ပေး ခဲ့ပါတယ်။

ဖရန်ကီဒီဂျောင်

အသက် ၂၂ နှစ် အရွယ် ကစားသမား ဟာ ရီးရဲယ်မက်ဒရစ်ကို ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ဖြုတ်ချပစ်ခဲ့တဲ့ ပွဲမှာ အိုင်ယက် အတွက် ထူးချွန်စွာ ကစား ပေးခဲ့ ပါသေးတယ်။ ဥရောပ ချန်ပီယံဟောင်း အနေနဲ့ ၎င်းကို ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင် ပြောင်းရွေ့ကြေး ယူရို သန်း ၆၀ ပေးချေ ရမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် စပိန် ကွင်းလယ်လူ ဖေဘီယန် ရူအိစ် ကလည်း ရီးရဲယ် အတွက် နောက်ထပ် ရွေးချယ် စရာ ဖြစ်နေပြီး အကယ်၍များ ၎င်းဟာ စပိန် ယူ ၂၁ အသင်းကို ဥေ၇ာပ ဖလား အောင်မြင်မှု ရယူ ပေးနိုင် ခဲ့မယ် ဆိုရင် ရီးရဲယ်ရဲ့ စိတ်ဝင်စားမှုကို ပိုမို ခံရ နိုင်မှာပါ။ ရူအိစ်ဟာ ပြီးခဲ့တဲ့ ရာသီက နာပိုလီ အသင်း အတွက် ခြေစွမ်းပြ ကစား ပေးခဲ့ပြီး သူ့ရဲ့ ပုံစံကောင်းကို လက်ရှိ အီတလီမှာ ကျင်းပ နေတဲ့ ပြိုင်ပွဲဆီကို ယူဆောင် သွားနိုင် ခဲ့ပါတယ်။

နာပိုလီ အသင်းဟာ ရူအိစ် ကို ပြီးခဲ့တဲ့ ရာသီက ဘက်တစ်ကို ၎င်းရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၃၀ ကို ပေးချေကာ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမား က စပိန် ပြန်မယ် ဆိုတဲ့ သတင်းတွေကို ယခု ပြိုင်ပွဲ အစမှာ ငြင်းပယ် ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် ကသာ ငွေကြေး အများအပြား နဲ့ ကမ်းလှမ်း လာခဲ့မယ် ဆိုရင် ဘာမဆို ဖြစ်သွား နိုင်ပါတယ်။

နာပိုလီဟာ သူတို့ ကစားသမား ကို ရောင်းချဖို့ ဆန္ဒ မရှိ ပေမယ့်လည်း ဒီပြိုင်ပွဲမှာ စပိန် ကစားသမားရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့် နေပြီး ပွဲတိုင်း ပွဲတိုင်း ကစားသမားရဲ့ တန်ဖိုး တိုးတက်လာဖို့ မျှော်လင့် နေပါတယ်။ ရူအိစ်ဟာ ပိုလန် နဲ့ ကစား ခဲ့တဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ စပိန် အတွက် ဂိုးသွင်းပေး ခဲ့ပြီး ၎င်းရဲ့ တန်ကြေးဟာ ယူရို သန်း ၆၀ ပတ်ဝန်းကျင် ရှိနေပါတယ်။

နာပိုလီ အသင်းဟာ ရီးရဲယ်မက်ဒရစ်ရဲ့ ဟားမက် ရိုဒရီဂွက်ဇ် ကို ခေါ်ယူရန် စိတ်ဝင်စား နေတာကြောင့် ရူအိစ် နဲ့ ကစားသမား အလဲအထပ် လုပ်သွားဖို့လည်း ဖြစ်နိုင်ခြေ ရှိနေပါတယ်။

တော့တင်ဟမ်ရဲ့ ခရစ်ရှန် အဲ၇စ်ဆင် ဟာ နောက်ထပ် ရွေးချယ်စရာ စာရင်းထဲမှာ ပါဝင်နေပေမယ့် ဇနက်ဒင်း ဇိဒန်း ကတော့ ယခု နွေရာသီ အစောပိုင်းမှာ တော့တင်ဟမ် စတားနဲ့ သတင်းတွေကို ငြင်းပယ် ခဲ့ပြီး ပေါ့ဘာကို ပိုမို စိတ်ဝင်စားဟန် ပြသခဲ့ ပါတယ်။ အဲရစ်ဆင် ရဲ့ စာချုပ် သက်တမ်းဟာ နောက်ဆုံးနှစ်ထဲ ၀င်ရောက်လာပြီ ဖြစ်ပေမယ့်လည်း ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်း ကတော့ ဒိန်းမတ် လက်ရွေးစင် အတွက် ဈေးနှုန်း သတ်မှတ်ရန် ငြင်းဆန် ထားပါတယ်။

အဲရစ်ဆင်

ပေါ့ဘာဟာ ရီးရဲယ်မက်ဒရစ် ရဲ့ ဦးစားပေး အဖြစ် ရှိနေဆဲ ဖြစ်ပြီး အကယ်၍ ယူနိုက်တက် ဘက်က ဆွေးနွေးဖို့ အတွက် ငြင်းဆန် ပယ်ချကာ ရီးရဲယ်မက်ဒရစ် ဘက်ကလည်း ပေါ့ဘာကို ကမ်းလှမ်းဖို့ အတွက် အပြောင်းအရွေ့ ဈေးကွက်မှာ လုံလောက်တဲ့ ငွေကြေး မရှိ ခဲ့ဘူး ဆိုရင် ပေါ့ဘာရဲ့ အပြောင်းအရွေ့ဟာ မှေးမှိန် သွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန် ရောက်ရင်တော့ ဇိဒန်းဟာ အခြား ကစားသမားတွေ ဘက်ကိုသာ မျှားဦးလှည့်ဖို့ လက်ခံ သွားနိုင်ပါတယ်။

No comments:

Post a Comment