Thursday, June 27, 2019

တရုတ်တွင် မှိုအဆိပ်သင့်သော မြန်မာခုနစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ၍ မြန်မာဘက်သို့ ပြန်ပို့

တရုတ်နိုင်ငံတွင် ရွှေ့ ပြောင်းမြန်မာလုပ်သားခုနစ်ဦး မှိုစားမိပြီး အစာအဆိပ်သင့်ခဲ့ရာ အသက်အန္တရာယ်စိုးရိမ်ရ၍ တရုတ်နိုင်ငံအစိုးရတာဝန်ရှိသူ များက မြန်မာနိုင်ငံဘက်သို့ ပြန် လည်ပို့ဆောင်ခဲ့သည်။ အစာအဆိပ်သင့်ပြီး အရေး ပေါ်အခြေအနေရောက်နေသော မြန်မာနိုင်ငံသားအမျိုးသားလေး ဦး၊ အမျိုးသမီးသုံးဦးကို တရုတ် အစိုးရတာဝန်ရှိသူများက ယမန် နေ့(ဇွန်လ ၂၆ ရက်)တွင် မြန်မာ နိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင် ခဲ့သည်။ အစာအဆိပ်သင့်လူနာ ခုနစ်ဦးသည် ယူနန်ပြည်နယ် လုံ ချွမ်းခရိုင်တွင် စိုက်ပျိုးရေးလုပ် ကိုင်နေသူများဖြစ်သည်။



‘‘ခုနစ်ယောက်မှာ ခြောက် ယောက်က အခြေအနေလုံးဝ မကောင်းဘူး။ တစ်ယောက်က နည်းနည်းသက်သာတယ်။ သူတို့ (အစာအဆိပ်သင့်သူများ)တော် တော်လေးဒုက္ခရောက်လာတာ’’ ဟု မူဆယ်မြို့ကရုဏာလူမှုကူညီ ရေးအသင်းဥက္ကဋ္ဌဦးသောင်းထွန်း က ပြောသည်။

မကွေးတိုင်းဒေသကြီး ပွင့် ဖြူမြို့ဇာတိဖြစ်သော အထက်ပါ ရွှေ့ပြောင်းအလုပ်သမားခုနစ်ဦး သည် ဇွန်လ ၂၀ ရက်တွင် မှိုစား မိပြီး ထိုအချိန်ကတည်းကပင် အစာအဆိပ်သင့်ခြင်းဖြစ်သည်။ တရုတ်လုပ်ငန်းရှင်နှင့်တာဝန်ရှိ သူများက တရုတ်နိုင်ငံရှိ ဆေးရုံ တစ်ခု၌ ကုသပေးသော်လည်း မသက်သာသဖြင့် မြန်မာနိုင်ငံ ဘက်သို့ ပြန်လည်ပို့ဆောင် ခြင်းဖြစ်ကြောင်း လူနာပြန်လွှဲပေး စဉ် မူဆယ်ခရိုင်အုပ်ချုပ်ရေးတာ ၀န်ရှိသူများထံ တရုတ်ကပေးအပ် ခဲ့သည့်စာတွင် ဖော်ပြထားသည်။ မှိုရိုင်းများကို စားမိခြင်းကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်သည် ဟု စာ၌ဖော်ပြထားသည်။ ဇွန်လ ၂၆ ရက်မွန်းလွဲ ၂ နာရီခန့်တွင် မြန်မာ-တရုတ်နယ်စပ်ဂိတ် နန်း တော်ဂိတ်မှ တရားဝင်ပြန်ပို့ ဆောင်ပေးခြင်းဖြစ်သည်။

‘‘ကျန်းမာရေးဘက်က ပြော တဲ့အတိုင်းဆို အခြေအနေ သိပ် မကောင်းဘူး’’ဟု လူနာ ခုနှစ်ဦး လွှဲပြောင်းမှုကို လက်ခံခဲ့သည် မူဆယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် မိုးက ပြောသည်။

အဆိပ်သင့်လူနာ ခုနစ်ဦး သည် အသက် (၁၈) နှစ်မှ (၄၃) နှစ်ကြားဖြစ်ပြီး အမျိုးသမီးတစ်ဦး သာ သက်သာသောအခြေအနေ တွင် ရှိနေသည်။ လူနာများကို မူဆယ်ဆေးရုံ၌ စစ်ဆေးပြီး နောက် ကရုဏာလူမှုကူညီရေးအ သင်းက ဦးဆောင်ကာ မန္တလေး ဆေးရုံသို့ ပို့ဆောင်နေသည်။

‘‘အဆိပ်တွေက သွေးကြော ထဲပြန့်နေပြီလို့ပြောတယ်။ မနှစ် ကလည်း အဲဒီလိုပဲ။ မှိုဆိပ်သင့် တဲ့သူ ခြောက်ယောက်သေခဲ့ တယ်’’ ဟု ဦးသောင်းထွန်းက ပြောသည်။

၂၀၁၇ မိုးရာသီကာလက  တရုတ်နိုင်ငံရှိ စိုက်ပျိုးရေးခြံတစ်ခု တွင် အလုပ်လုပ်နေသော မြန်မာ နိုင်ငံသားခုနစ်ဦး မှိုစားမိကာ အစာအဆိပ်သင့်ပြီး ခြောက်ဦး သေဆုံးခဲ့သည်။

မိုးဦးကျကာလ၌ အလေ့ကျ  ပေါက်သော မှိုများအနက် စားနေ ကျ မှိုမှအပ ကျန်မှိုများ မစား သင့်ကြောင်း အထွေထွေရောဂါ ကု ဆရာဝန်ဒေါက်တာဂျွန်နီက အကြံပြုသည်။ အကယ်၍ စား မိပြီး မူးဝေအော့အန်ပါက ဆေး ရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွား ရောက် ကုသရန်နှင့် မှိုနှင့်ပတ် သက်သော အန္တရာယ်ကို ကျေး လက်ဒေသများတွင် ပညာပေး ရန်လိုအပ်ကြောင်း ဒေါက်တာ ဂျွန်နီကပြောသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ဇွန် လအတွင်း မိုးကုတ်နှင့် ရပ်စောက် မြို့နယ်၌ မှိုအဆိပ်သင့်ကာ ခြောက်ဦးသေဆုံးခဲ့သည်။

No comments:

Post a Comment