Thursday, June 27, 2019

PPST မှ နုတ်ထွက်ရန် KNU အဖွဲ့တွင်း ထပ်မံအတည်ပြု

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့၏ ထိပ်သီးခေါင်းဆောင် များဖြင့် ဖွဲ့စည်းထားသော ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)မှ နုတ်ထွက်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီအစည်းအ ဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။ေ မလက ကျင်းပခဲ့သည့် အပစ်ရပ်တိုင်းရင်းသား ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာ ခံတွင် PPST မှ နုတ်ထွက်ကြောင်း KNU က တင်ပြသော်လည်းညီလာခံတွင် ဆွေးနွေးမှုများအရ ထပ်မံပြုလုပ်မည့် အပစ်ရပ် ၁၀ ဖွဲ့၏ ညီလာခံ ဒုတိယပိုင်း၌ ဆုံးဖြတ်ရန် စီစဉ်ခဲ့သည်။



KNU ဗဟိုကော်မတီအစည်း အဝေးကို ပြီးခဲ့သည့် ရက်သတ္တ ပတ်အတွင်း ကျင်းပရာ တိုင်းရင်း သားပူးပေါင်းဆောင်ရွက်ရေးအ ပိုင်းကို ဆွေးနွေးပြီး PPST မှ နုတ် ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပဒိုစောတာဒိုမူးက ဇွန်လ ၂၆ ရက် တွင် အတည်ပြုသည်။

‘‘အဓိကကတော့ ကျွန်တော် တို့ ပူးပေါင်းဆောင်ရွက်မှုအပိုင်း မှာ အကျေအလည်ညှိနှိုင်းဆွေး နွေးနိုင်တဲ့ အနေအထားမရတာ အဲဒါက အဓိကပါပဲ’’ဟု ၎င်းက PPST မှ KNU နုတ်ထွက်ရခြင်း အကြောင်းရင်းကို ပြောသည်။

သို့သော် NCA အကောင်အ ထည်ဖော်သည့်အပိုင်းတွင် ညှိ နှိုင်းဆောင်ရွက်ရာ၌ တိုင်းရင်း သားပူးပေါင်းဆောင်ရွက်မှု ရှိနေ မည်ဖြစ်ကြောင်း ပဒိုစောတာဒိုမူး က ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အတိုင်ပင်ခံအစည်းအ ဝေး (PPCM)စုဖွဲ့မှုကိစ္စကိုလည်း KNU အနေဖြင့် ဆက်လက်ကြိုး ပမ်းမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

KNU အနေဖြင့် ယခု ဇွန်လ ၂၀ နှင့် ၂၁ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပသော အပစ်ရပ် အဖွဲ့များ၏ အလုပ်အဖွဲ့အစည်း အဝေးသို့လည်း တက်ရောက်ခဲ့ ခြင်းမရှိပေ။ အဆိုပါ အစည်းအ ဝေးတွင် PPST ကို ပြန်လည်သုံး သပ်သည့်အပိုင်းနှင့် PPCM ဖွဲ့စည်းရန် သင့်၊ မသင့် ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

PPST မှ KNU နုတ်ထွက် ရန် ဆုံးဖြတ်ခြင်းနှင့် ပတ်သက်ပြီး ပအိုဝ်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ PNLO ဦးဆောင်နာယ က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘‘အ စည်းအဝေးရှိရင်တော့ တက်မယ်။ ဆုံးဖြတ်တဲ့နေရာမှာ မပါဘူးလို့တော့ ပြောဖူးတယ်။ အခုအစည်း အဝေးတောင် မတက်ဘူးလား တော့ ကျွန်တော် မသိဘူးလေ။ စောစောကတော့ အစည်းအဝေး တွေ၊ အလုပ်အဖွဲ့တွေမှာ သူတို့ လိုက်တက်မယ်တဲ့။ သို့သော် လည်းပဲ ဆုံးဖြတ်တဲ့နေရာတော့ မပါဘူးပေါ့ဗျာ’’ဟု ပြောသည်။ အပစ်ရပ်အဖွဲ့များ တက် ရောက်သည့် အစည်းအဝေးနှစ်ခု သို့ KNU တက်ရောက်ခြင်းမရှိ သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ ဇွန်လ ၁၃ ရက်၊ ၁၄ ရက်က ရန်ကုန်၌ ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ အ လွတ်သဘောအစည်းအဝေးနှင့် ချင်းမိုင်၌ ဇွန်လ ၂၀၊ ၂၁ ရက်က ကျင်းပသည့် အပစ်ရပ်အဖွဲ့များ အလုပ်အဖွဲ့အစည်းအဝေးသို့ KNU ကိုယ်စားလှယ် စေလွှတ် ခြင်းမရှိပေ။

No comments:

Post a Comment