Thursday, June 27, 2019

တာမွေယာယီဈေးကို စက်တင်ဘာတွင် အဆင့်မြင့်ဈေးတည်ဆောက်ရန် စီစဉ်နေ

ယခုနှစ် စက်တင်ဘာလ တွင် တာမွေယာယီဈေးကို အဆင့်မြှင့်ဈေး တည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း တာမွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းက ပြော သည်။ ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီက မင်္ဂလာ မွန်ဈေးရှိ တောင်ပိုင်းခရိုင်အစည်းအဝေး ခန်းမတွင် တာမွေယာယီဈေးကို အဆင့် မြှင့်ဈေးတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက် ၍ ဈေးသူ၊ ဈေးသားများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် ခရိုင်စည်ပင်တာဝန်ရှိသူ များတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် လွှတ်တော် ကိုယ်စားလှယ်ဦးလှသိန်းက မီဒီယာများ ကိုအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။



အဆိုပါဈေးအား စတင်တည်ဆောက် စဉ်ကာလမှနှစ်နှစ်ခွဲ(လပေါင်း၃၀)အတွင်း တင်ဒါအောင် ကုမ္ပဏီကတည်ဆောက် မည်ဖြစ်ပြီး ဈေးတည်ဆောက်စဉ်ကာလ အတွင်း ဈေးသူ၊ ဈေးသားများ ပုံမှန်ရောင်း ဝယ်နိုင်ရန် ယခုတာမွေယာယီဈေး ပရဝုဏ်အတွင်း ယာယီဆိုင်ခန်းများကို ဇူလိုင်လမှစတင်တည်ဆောက်နိုင်ရန် စီစဉ်နေပြီဖြစ်ကာ ယာယီဆိုင်ခန်းတည် ဆောက်ချိန်မှာနှစ်လခန့်ကြာမြင့်မည်ဖြစ် ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးလှ သိန်းက ပြောသည်။

""ယာယီဆိုင်ခန်းတွေပြီးသွားရင် ဈေး သူဈေးသားတွေ ယာယီဆိုင်ခန်းပေါ်ကို ရောက်မှာ စက်တင်ဘာ ၁ ရက်လို့ သတ်မှတ် ထားပါတယ်။ ဈေးသူဈေးသားတွေရဲ့ကူညီမှု အများကြီးလိုအပ်မှာဖြစ်ပါတယ်။ ယာယီ ဆိုင်ခန်းဆောက်ပြီးသွားရင် ဒီဈေးအတွက် ပန္နက်တင်ဖို့အတွက် စာချုပ်ချုပ်ရပါလိမ့် မယ်။ စက်တင်ဘာလထဲမှာစတင်နိုင်မှာ ပါ။ ပန္နက်တင်ရိုက်ဖို့စာချုပ်ချုပ်ပြီးတဲ့ ရက်ကနေစပြီး နှစ်နှစ်ခွဲအတွင်း အပြီး ဆောက်ရမှာဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။

အဆိုပါဈေး အဆင့်မြင့်ဈေးတည် ဆောက်ရန် ပထမအကြိမ်တင်ဒါခေါ်ခဲ့ စဉ်ကပျက်ခဲ့သဖြင့် ဒုတိယအကြိမ်ပြန် လည်ခေါ်ယူခဲ့ပြီး လွင်ရာဇာကုမ္ပဏီနှင့် ဥညန ဥညန ဥညန ကုမ္ပဏီတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဥညန ဥညန ဥညန ကုမ္ပဏီမှာ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
တာမွေယာယီဈေးကို အဆင့်မြင့် ဈေးအဖြစ် တည်ဆောက်ခြင်းအပေါ် ဈေးသူ၊ ဈေးသားများအနေဖြင့် သဘောတူသော် လည်းဈေး တည်ဆောက်ရေးပိုင်းတွင် ပွင့်လင်းမြင်သာမှုရှိရေး၊ ဈေးသစ်တွင် ခြောက်ပေပတ်လည်ဆိုင်ခန်းများ တည် ဆောက်ပေးရေး၊ အလင်းရောင်နှင့်လေဝင် လေထွက်ကောင်းမွန်စေရေး၊ ဆိုင်ခန်းများ ကို သုံးခန်းတွဲ(သို့)လေးခန်းတွဲကျောချင်း ကပ်ဆောက်ပေးရေးအပါအဝင် စုစုပေါင်း ၃၅ ချက်ကိုတောင်းဆိုထားသည်ဟု တာမွေ ဈေးသူဈေးသားများက ဇွန် ၂၆ ရက် နံနက် ပိုင်းက တာမွေမြို့နယ်ရှိ မစိုးရိမ်ကျောင်း တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်ပြောသည်။

တာမွေဈေးရှိ ဖိနပ်အရောင်းဆိုင်မှ ဦးခင်မောင်အေးက ""ပထမတုန်းက တာမွေ ဈေးအဆင့်ဈေးဆောက်ရင် လက်ရှိနေရာ ပြန်မပေးဘူး။ တာမွေအခွန်လွတ်ဈေး နေရာနားနေရာပေးမယ်ဆိုတဲ့အပေါ်မှာ နဂိုနေရာပြန်ရဖို့အတွက် တော်တော်ခဲရာ ခဲဆစ်တိုက်ပွဲဝင်ယူခဲ့ရတယ်။ တောင်းဆို ထားတဲ့ ၃၅ ချက်မရရင်တောင် အမှန်တ ကယ်လိုအပ်တဲ့ အရေးကြီးအချက်တွေကို လုပ်ပေးဖို့ တောင်းဆိုထားပါတယ်""ဟု ပြောသည်။
တင်ဒါအောင်ကုမ္ပဏီနှင့် ရန်ကုန် စည်ပင်တို့ အကျိုးတူပူးပေါင်းတည်ဆောက် မည်ဖြစ်ပြီး ကုမ္ပဏီဘက်မှ ရင်းနှီးမြှုပ်နှံ မှုမှာ ကျပ် ၁၆ ဘီလီယံဖြစ်ကြောင်းသိရ သည်။

ငါးထပ်အဆောက်အအုံ တည်ဆောက် မည်ဖြစ်ကာ အထပ်တိုင်းတွင် ကားပါကင် ပါဝင်မည်ဖြစ်ပြီး လူနေထိုင်ရန်အခန်းများ ထည့်သွင်းတည်ဆောက်မည်မဟုတ်ကြောင်း ဈေးတည်ဆောက်ပြီးစီးပါက ဈေးသူ ဈေးသားများအား မြေညီထပ်နှင့်ပထမ ထပ်တို့တွင် နေရာအသီးသီးပြန်လည်ချ ထားပေးမည်ဖြစ်ကြောင်း သိရသည်။

တာမွေယာယီဈေးတွင် မှတ် ပုံတင် ဆိုင်ခန်းစုစုပေါင်း ၆၀ဝ ကျော်ရှိပြီး ဈေး တည်ဆောက်ပြီးစီးပါက ဈေးမတည်ဆောက် ခင်က စာရင်းကောက်ယူချိန်ကပါဝင်သည့် ပျံကျဆိုင်ခန်းများအတွက်ပါ နေရာချထား ပေး မည်ဖြစ်ကြောင်း ထို့သို့နေရာပေးရာ၌ မှတ်ပုံတင်ဆိုင်ခန်းနှင့်ပျံကျဆိုင်ခန်းတို့ကို ပေးမည့်နေရာနှင့် အကျယ်အဝန်းတို့မှာမူ တူညီမှုရှိမည် မဟုတ်ကြောင်း ဦးလှသိန်း က ပြောသည်။

No comments:

Post a Comment