Thursday, June 27, 2019

မူးယစ်တိုက်ဖျက်ရာတွင် အဂတိလိုက်စားသူများကို တိုင်ကြားရန် သမ္မတတောင်းဆို

 မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် တာဝန်ရှောင်လွှဲသူများ၊ အဂတိလိုက်စားသူ များနှင့် ပတ်သက်သည့် အချက်အလက်များပို့ပေးရန် နိုင်ငံတော် သမ္မတက တိုက်တွန်းသည်။ ‘‘တာဝန်ရှောင်လွှဲသူတွေ၊ အဂတိလိုက်စားသူတွေရှိခဲ့ရင် လည်း အရေးယူမှာဖြစ်တဲ့အတွက် အမျိုးသားရေးတာဝန်အဖြစ် အ ချက်အလက်တွေပို့ပေးကြပါ။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များနဲ့ အုပ်ချုပ်ရေးဌာန အဆင့် ဆင့်အနေနဲ့ ‘မူးယစ်ဆေးဝါးကိစ္စ၊ ခြွင်းချက်လုံးဝမထားရ’ဆိုတဲ့ မူဝါဒကို အလေးထားလိုက်နာ ဆောင်ရွက်ပေးကြပါ’’ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။



ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ပြုလုပ်သော (၃၂)ကြိမ်မြောက် အပြည်  ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ အခမ်းအနား မိန့်ခွန်းတွင် ယင်းသို့ ပြောကြား သည်။

မူးယစ်ဆေးဝါးအန္တရာယ် သည် နိုင်ငံအတွက် ကြီးမားသော ခြိမ်းခြောက်မှု အန္တရာယ်ဖြစ် သဖြင့် ကျောင်းသားလူငယ်များ သဘောပေါက်နားလည်အောင်  မူးယစ်ပညာပေးဟောပြောပွဲများ အဆက်မပြတ်ဆောင်ရွက်ပေး ရန် သမ္မတ၏ မိန့်ခွန်းတွင် ပါဝင် သည်။

ထို့အပြင် ရပ်ရွာလူထုအခြေ ပြုသော မူးယစ်ဆေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် အသိ ပညာပေးလုပ်ငန်းများလည်း ဖော်ဆောင်ပေးရန်နှင့် မူးယစ်ကင်း စင်လူ့အဖွဲ့အစည်းဖြစ်ပေါ်စေ ရေး ပြည်သူ့ကျန်းမာ  ရေးအမြင် များဖြင့် မျှတမှုရှိစေရန်  ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပါအဝင် မီဒီယာ များနှင့် အရပ်ဘက်လူ့အဖွဲ့အ စည်းများက အလေးအနက် ဆောင်ရွက်ပေးရန်လည်း  ဦးဝင်း မြင့်က ပြောသည်။

ထို့အပြင် မူးယစ်သား ကောင်များကို ညှာတာထောက် ထားကြရန်နှင့် လူ့အဖွဲ့အစည်း များအတွင်း ပြန်လည်ပေါင်းစည်း နိုင်ရေး ဝိုင်းဝန်းပံ့ပိုး နှစ်သိမ့်ဆွေး နွေးပေးရန်လည်း ပါဝင်သည်။

‘‘အားနည်းသူကို ကူညီပြီးအားငယ်သူတွေကို လက်ကမ်းပေးကြပါ’’ဟု သမ္မတက ပြော သည်။

နိုင်ငံတော်အစိုးရက မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရန် အစိုးရဌာနဆိုင်ရာများ အချင်း ချင်းပူးပေါင်းဆောင်ရွက်နေသည့် နည်းတူ ပြည်သူလူထုများက ဘုံ ပြဿနာတစ်ခုအဖြစ်ခံယူပြီး လူတစ်ဦးတစ်ယောက်ချင်းမှ အဖွဲ့အစည်းတစ်ခုချင်းစီအထိ ပူး ပေါင်းပါဝင်ဆောင်ရွက်ရန် ဦးဝင်းမြင့်က တိုက်တွန်းသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းများအပြင် မူးယစ်ဆေး ဝါးသုံးစွဲမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ပေးခြင်း၊ ဆေးကုသပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း နှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရန် တိုးမြှင့် ဆောင်ရွက်မည်ဟု ၎င်းက ဆို သည်။

၂၀၁၇ စာရင်းများအရ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁,၀၀၀ မှ ထုတ်လုပ် မှု ၅၅၀ မက်ထရစ်တန်၊ ၂၀၁၈ တွင် ဟက်တာ ၃၇,၃၀၀ မှ ထုတ်လုပ်မှု ၅၂၀ မက်ထရစ်တန်ရှိခဲ့သည် ဟု သမ္မတ မိန့်ခွန်းပါ အချက်အ လက်များက ဆိုသည်။

ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှု ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ဟု ဦးဝင်းမြင့် က ပြောသည်။ ယမန်နှစ်က ကျရောက်သော အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး မြို့တို့၌ ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၁၈ ဇွန်လ ၂၆ ရက်က စ၍ နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာန ဖွင့်လှစ်ထား ပြီး လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားနိုင်ကြောင်း ကြေညာ ထားသည်

No comments:

Post a Comment