Thursday, June 27, 2019

ယီမင်အိုင်အက်စ် အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးရမိဟု ဆော်ဒီတပ်ဖွဲ့ပြောကြား

ယီမင်နိုင်ငံမှ အိုင်အက်စ် အဖွဲ့ခွဲ ခေါင်းဆောင်ကို ဆော်ဒီ အထူးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ သည်ဟု ယီမင်တွင် တိုက်ခိုက်နေ သည့် ဆော်ဒီဦးဆောင်သော စစ် ဘက်မဟာမိတ်အဖွဲ့က ပြော ကြားသည်။  အိုင်အက်စ်အဖွဲ့ခွဲခေါင်း ဆောင် အဘူအိုစမာအယ်လ်မူ ဟာဂျာနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကြီးအကဲ အပါအဝင် အဖွဲ့ဝင်အများအပြားကို ဆော်ဒီနှင့် ယီမင်တပ်ဖွဲ့များက နေအိမ်တစ်လုံးကို စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့ သည်ဟု မဟာမိတ် အဖွဲ့ကို ကိုးကား၍ ဆော်ဒီအစိုးရ သတင်းအေဂျင်စီ SPA က ပြောကြား သည်။ ၁၀ မိနစ်ကြာမြင့်သော စစ် ဆင်ရေးအတွင်း လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ဆက် သွယ်ရေးပစ္စည်းများလည်း ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။



စစ်ဆင်ရေးတွင် အရပ်သား များ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ယင်းအိမ်ထဲ၌ ရှိနေသော အမျိုးသမီးသုံးဦးနှင့် ကလေးသုံးဦး လည်း ထိခိုက်မှုမရှိပေ။

‘‘ဒီစစ်ဆင်ရေးဟာ အိုင် အက်စ်အဖွဲ့အပေါ်၊ အထူးသဖြင့် ယီမင်အိုင်အက်စ်အဖွဲ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပါ တယ်’’ ဟု မဟာမိတ်အဖွဲ့က ပြောသည်။

အမည်မဖော်လိုသော အ မေရိကန်အရာရှိကြီးတစ်ဦးက ယင်းစစ်ဆင်ရေးနှင့် ပတ်သက်၍ အမေရိကန်က ကူညီထောက်ပံ့ သည်ဟု ပြောကြားသော်လည်း မည်ကဲ့သို့သော အကူအညီဖြစ် သည်ဆိုခြင်းနှင့် ပတ်သက်၍ အ သေးစိတ်မပြောပေ။

 အိုင်အက်စ်အဖွဲ့ခွဲများနှင့် ၎င်းတို့၏ ကွန်ရက်အား ချိုးဖျက် ရေး ကမ္ဘာတစ်ဝန်းက ကြိုးပမ်းမှု များကို မိမိတို့ အားပေးချီးကျူး သည်ဟု အမေရိကန်စစ်ဘက်က ထုတ်ပြန်ပြောကြားသည်။

No comments:

Post a Comment