Thursday, June 27, 2019

ဘာကာကြယ်ပွင့်နဲ့ ရုပ်ချင်းတူတာကို အသုံးချပြီး အမျိုးသမီး (၂၃) ဦးနဲ့အတူ အိပ်တဲ့သတင်း မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ‘အီရန်မက်ဆီ’

မက်ဆီနဲ့ရုပ်ဆင်တာကို အသုံးချပြီး အမျိုးသမီးတွေကို သွေးဆောင်ဖြားယောင်းနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မဟုတ်မှန်တဲ့ သတင်းမှားတစ်ခုသာဖြစ်တယ်လို့ ကမ္ဘာ့ဘောလုံးအကျော်အမော် မက်ဆီနဲ့ ရုပ်ချင်းဆင်တူတဲ့ အီရန်နိုင်ငံသားက ပြောဆိုခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ရာဇာ ပါရာစတက်ခ်ျဆိုသူဟာ မက်ဆီနဲ့ရုပ်ဆင်တာကို အသုံးချပြီး အမျိုးသမီး (၂၃)ဦးနဲ့အတူ အိမ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။



အီရန်မက်ဆီဆိုသူက “ဟိုင်း သူငယ်ချင်းတို့ ... လူမှုကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ သတင်းမှားလေးဖြစ်တဲ့ ကျနော်နဲ့ အမျိုးသမီး (၂၃)ဦး အတူ အိပ်ခဲ့တယ်ဆိုတဲ့ ကျနော့်အကြောင်း ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျနော့်ကို လီယွန်နယ် မက်ဆီလို့ တွေးထင်ထားခဲ့ကြပါတယ်။ ကျေးဇူးပြုပြီး မက်ဆီရဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားမှုကို အသုံးချပြီး လူတွေကို မလှည့်စားကြပါနဲ့။”လို့ တောင်းဆိုမှုပြလုပ်ခဲ့ပါတယ်။

“ဒီလိုအဖြစ်အပျက်တွေသာ တစ်စုံတစ်ယောက်ပေါ်မှာ တကယ်အစစ်မှန်ဖြစ်ခဲ့တယ်ဆိုရင် တရားလိုတွေက ကျနော့်ကို တရားစွဲဆိုကြမှာပါ။ ဒါက နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဘေးဒုက္ခ အစိတ်အပိုင်းတစ်ခုဖြစ်ပါလိမ့်မယ်။ တကယ်လို့ ဒီသတင်းက အမှန်ဆိုရင် ကျနော် ခုချိန်မှာ ထောင်ထဲ ရောက်နေလောက်ပါပြီ။”

“ဒါတွေကို မယုံလိုက်ကြပါနဲ့။ ဒါတွေက တယ့်အစစ်အမှန်တွေ မဟုတ်ပါဘူး။ ဒါတွေကို တရားဥပေဒေအတိုင်း အရာတိုင်းကို ရင်ဆိုင်တိုက်ခိုက်သွားမှာဖြစ်ပြီး ကျနော့်ရဲ့ နာမည်ဟာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။”လို့ သူက ပြောဆိုလိုက်ပါတယ်။

ပါရာစတက်ခ်ျရဲ့ အင်စတာဂရမ်မှာ မက်ဆီနဲ့ ရုပ်ချင်းတူနေတာကြောင့် followers (၇)သိန်းကျော်ရှိနေပါတယ်။

ပါရာစတက်ခ်ျဟာ 'မက်ဆီအတု'လို့ နာမည်ပြောင် မရသေးခင် လွန်ခဲ့တဲ့ (၂)နှစ်လောက်က သူ့ကို မက်ဆီရဲ့ ဘာစီလိုနာအသင်း ဝတ်စုံ ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်တင်ဖို့ ဖခင်ဖြစ်သူက တောင်းဆိုခဲ့ရာကနေ အဲဒီဓာတ်ပုံဟာ လျင်မြန်စွာ ပြန့်နှံ့သွားပါတယ်။

ဒါ့အပြင် ပါရာစတက်ခ်ျဟာ မက်ဆီရဲ့ ပုံပန်းဟန်အတိုင်း ဆံပင်ပုံညှပ်ထားပြီး သူဟာ ဘာစီလိုနာအသင်းခေါင်းဆောင်အတိုင်း မုတ်ဆိတ်တွေရှိနေတာကြောင့် မက်ဆီနဲ့ ပိုပြီး တူလာပါသေးတယ်။

No comments:

Post a Comment