Thursday, June 27, 2019

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၇ဝဝဝ ကျော် အနက် ၁ဝဝဝ ကျော်သာ ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်ရန် စာရင်းပေးထား ဟုဆို

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၇ဝဝဝ ကျော်ရှိသည့်အနက် အိမ် ထောင်စု ၁ဝဝဝ ကျော်သာ ပြည်နယ်အစိုးရ တည်ဆောက်ပေးမည့် ကယ်ဆယ်ရေး စခန်း၌ နေထိုင်ရန် စာရင်းပေးထားကြောင်း ပြည်နယ်အစိုးရရုံးမှ သိရသည်။ ရခိုင်ပြည်နယ်အစိုးရက တည် ဆောက်ပေးမည့် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ရန်စာရင်း ပေးထားသည့် မြို့နယ်နှင့် အိမ် ထောင်စုစာရင်းများမှာ မင်းပြား မြို့နယ်တွင် ၁၄ စု၊ မြောက်ဦးမြို့ နယ်တွင် ၃၉၅ စု၊ ပေါက်တောမြို့ နယ်တွင် လေးစု၊ ပုဏ္ဏားကျွန်းမြို့ နယ်တွင် ၂ဝ၁ စု၊ ရသေ့တောင်မြို့ နယ်တွင် ၄ဝ၅ စုနှင့် ဘူးသီးတောင် မြို့နယ်တွင် ၁၂၈ စု၊ စုစုပေါင်း အိမ်ထောင်စု ၁၁၄၇ စု စာရင်း ပေးထားသည်။



''အိမ်ထောင်စု စုစုပေါင်း ၁၁၄၇ စု နေဖို့ စာရင်းပေးထား တယ်ပေါ့လေ။ ကျန်တဲ့သူတွေက စာရင်းမပေးတာ ဘာကြောင့်လဲဆိုရင် ဒါကတော့ သူတို့ရဲ့အကြောင်း ပြချက်အပေါ်မှာ မူတည်လိမ့်မယ်လို့ထင်တယ်။ အကြောင်းကတော့ မျိုးစုံရှိပါလိမ့်မယ်။ ဥပမာ တချို့ က နေရပ်ပြန်လိုတဲ့အတွက်ကြောင့် မနေလိုလို့ ဆန္ဒမပေးတာလည်း ဖြစ်ကောင်းဖြစ်မယ်။ တချို့က မိမိရဲ့နေရပ်လို့ ဝေးကွာလို့ဆိုတဲ့ဟာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်'' ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာ ရေးဝန်ကြီး ဦးဝင်းမြင့်က ပြော ကြားသည်။ ကယ်ဆယ်ရေးစခန်းများတွင် ပြည်နယ်အစိုးရက တည်ဆောက် နေသည့် စစ်ဘေးရှောင်များအတွက် လုံခြုံရေး၊ စားဝတ်နေရေး နှင့် ကျန်းမာရေးကိစ္စရပ်များကို တာဝန်ယူပေးသွားမည်ဟု ရခိုင် ပြည်နယ်အစိုးရက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့ နယ်များတွင် အလျား ပေ ၁ဝဝ အနံ ပေ ၂ဝ ပါ တန်းလျားအဆောင်၊ အလျား ပေ ၁ဝဝ၊ အနံ ပေ ၃ဝ ရှိ အခန်းတွဲတန်းလျား၂၃ လုံး၊ စုပေါင်းစားဖိုဆောင်သုံးလုံး၊ ကျန်း မာရေးဆေးပေးခန်း နှစ်ခန်း၊ နှစ်ခန်းတွဲအိမ်သာ ၈၄ လုံး၊ စီမံခန့် ခွဲမှုကော်မတီရုံးနှစ်ဆောင်၊ စခန်းလုံခြုံရေးတပ်ဖွဲ့ရုံးနှစ်ဆောင်နှင့် လုံခြုံရေးတပ်ဖွဲ့ အိပ်ဆောင်နှစ် ဆောင်တို့ပါဝင်သော စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကို ပြည်နယ်အစိုးရက ဇွန်လဒုတိယပတ်မှ စတင်တည်ဆောက်နေပြီဖြစ်သည်။

''ကျွန်တော်တို့က မြောက်ဦးမြို့နယ် အောက်သားကန်ကပါ။ အောက်သားကန်ကဆိုတော့ ကျွန်တော်တို့က ရွာမှာ လယ်တွေသွားထွန်လို့ရတဲ့ အစိတ်အပိုင်း လေးတွေရှိတယ်။ အစိုးရတည် ဆောက်ပေးမယ့် ကယ်ဆယ်ရေး စခန်းကိုသွားနေမယ်ဆိုရင်လည်း သိပ်အလှမ်းဝေးသွားမှာပါ။ ဒါကြောင့် ကျွန်တော်တို့ကတော့ အဲဒီမှာမနေချင်ဘူး။ စာရင်းလည်း မပေးလိုက်ဘူး'' ဟု မြောက်ဦး မြို့နယ် တိန်ညိုကျေးရွာရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ ဦးလှရွှေက ပြောကြားသည်။ ယခုကဲ့သို့ ကယ်ဆယ်ရေးစခန်းများ၌နေထိုင်ရန်စာရင်းပေး သူနည်းပါးသည့်အတွက် ကယ်ဆယ်ရေးစခန်း တည်ဆောက်ရန် ယခင်ကလျာထားသည့် ကျပ်ငါးဘီလီယံအစား ကျပ် ၁ ဒသမ ၃ ဘီလီယံသာ သုံးစွဲတော့မည်ဖြစ် ကြောင်းလည်း သိရပြီးလက်ရှိတွင် ပြည်နယ်အတွင်း၌ စစ်ဘေးရှောင် ဦးရေ ၅ဝဝဝဝ ကျော်အထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment