Thursday, June 27, 2019

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်ကို စုစုပေါင်းရမှတ်အပြင် အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်များဖြင့်လည်း လျှောက်ထားခွင့်ပေးထား

ယခုနှစ် ရန် ကုန် ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့် ကို စုစုပေါင်းရမှတ်နှင့် လျှောက် ထားနိုင်သလို အင်္ဂလိပ်စာနှင့် သင်္ချာ ရမှတ်များဖြင့်လည်း လျှောက်ထား ခွင့်ပေးထားကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင် မည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်ကို ကြေညာထားရာ တက္က သိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၅၀ နှင့်အထက် ရရှိသူများ (သို့ မဟုတ်) အင်္ဂလိပ်စာနှင့် သင်္ချာ နှစ် ဘာသာပေါင်း ရမှတ် ၁၄၀ နှင့်အ ထက်ရရှိသူများ လျှောက်ထား နိုင် မည်ဖြစ်ကြောင်း၊ ယခင်နှစ်များက အဆိုပါတက္ကသိုလ်၏ ဝင်ခွင့်ကို တက္ကသိုလ်ဝင် စာမေးပွဲစုစုပေါင်း ရမှတ် တစ်မျိုးတည်းဖြင့်သာ လျှောက်ထားနိုင်ခဲ့ရာ ယခုနှစ်မှစ တင်ပြီး ရမှတ်နှစ်မျိုးဖြင့် လျှောက် ထားခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။



ယင်းတက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများသည် စာစစ်ဌာန အသီးသီးမှ သင်္ချာ၊ ရူပဗေဒ၊ ဓာ တုဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် အောင်မြင် ရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာကို ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ် စေ တိုက်ရိုက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလမှာ ငါးနှစ်ဖြစ် ပြီး အထူးပြုဘာသာရပ် အလိုက် အောင်မြင်သူများကို ကွန်ပျူတာ သိပ္ပံဘွဲ့ (အသိပညာအင်ဂျင်နီယာ)၊ ကွန်ပျူတာသိပ္ပံဘွဲ့ (ပရိုဂရမ်အင် ဂျင်နီယာ)၊ ကွန်ပျူတာသိပ္ပံဘွဲ့ (စီး ပွားရေး သတင်းအချက်အလက် စနစ်)၊ ကွန်ပျူတာသိပ္ပံဘွဲ့ (ကွန်ပျူ တာလုံခြုံရေးနှင့် သက်သေအ ထောက်အထား ရှာဖွေစစ်ဆေးမှု ပညာ)၊ ကွန်ပျူတာနည်းပညာဘွဲ့ (မြှုပ်နှံထိန်းချုပ်ရေးစနစ်)၊ ကွန်ပျူ တာနည်းပညာဘွဲ့ (ဆက်သွယ်ရေး နှင့် ကွန်ရက်ပညာ)ဘွဲ့တို့ကို ပေး အပ်ချီးမြှင့်မည်ဖြစ်သည်။

ရန်ကုန် ကွန်ပျူတာတက္ကသိုလ် မှ သက်ဆိုင်ရာ ဘွဲ့အသီးသီးရရှိ ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီစွာ အောင်မြင်ပါက ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် မဟာ ဘွဲ့များနှင့် ပါရဂူဘွဲ့များအထိ အ ဆင့်ဆင့် တက်ရောက်နိုင်ခွင့်ရှိ မည်ဖြစ်ကြောင်း သိရသည်။ ယင်း တက္ကသိုလ်သည် ယခုနှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၅၀ဝ လက်ခံမည်ဖြစ်သည်။

No comments:

Post a Comment