Thursday, June 27, 2019

ဦးဝီရသူ မဟာဗန္ဓုလ ပန်းခြံရှေ့ ဟောပြောနေပုံ အသံမပါသည့် စီစီတီဗွီဖိုင်နှင့် ဓာတ်ပုံခြောက်ပုံကို တရားရုံးက သက်သေခံအဖြစ် လက်ခံ

ဦးဝီရသူအား တရားစွဲထားမှုတွင် မဟာဗန္ဓုလပန်း ခြံရှေ့တွင် ဦးဝီရသူဟောပြောနေသည်ကို ရိုက်ကူးထားသည့် အသံမပါသည့် စီစီတီဗွီဖိုင်နှင့် ဓာတ်ပုံ ခြောက်ပုံကို တရားရုံးက သက် သေခံအဖြစ် လက်ခံလိုက်သည်။ ဇွန် ၂၅ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ဦးဝီရသူ၏ မျက်ကွယ်တွင် စစ်ဆေးခဲ့သည့် တရားလိုပြသက်သေ စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်နိုင်အောင် ကသက်သေခံအဖြစ် တင်သွင်းပြီး တရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းခရိုင်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမင်းသန့်က '' ဒီနေ့ရုံးချိန်းမှာသက်သေသုံး ယောက်စစ်ပါတယ်။ အသံမပါတဲ့ စီစီတီဗွီဖိုင်နဲ့ ဓာတ်ပုံခြောက်ပုံသက်သေခံသွင်းပါတယ်။ လက်ခံလိုက်တယ်''ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။



ယနေ့ရုံးချိန်းတွင် ကျောက်တံတားမြို့မရဲစခန်းမှ နယ်ထိန်း အရာရှိဒုရဲအုပ်သီဟနိုင်၊ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အကြီးတန်းစာရေး ကိုဝေလင်းဖြိုးနှင့် စည်ပင်သာယာ ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်နိုင်အောင်တို့ကို တရားလိုပြသက်သေအဖြစ် စစ် ဆေးခဲ့ကြောင်း ၎င်းင်းက ပြောသည်။ အမှုတွင် စစ်ဆေးရန်တရားလိုပြသက်သေကိုးဦး တင်ပြထားသည်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော်ဦးဝီရသူကို အရေးယူပေးရန် ရန်ကုန်အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်ပြီး မေ ၂၈ ရက် ညနေ ၃ နာရီခွဲကျော်ခန့်က အနောက်ပိုင်းခရိုင်တရားရုံးသို့ နိုင်ငံတော်အကြည်ညိုပျက်စေ မှုပုဒ်မ ၁၂၄-ကဖြင့် ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေ ၅ ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲနှင့် ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက် ရေးဟောပြောပွဲတွင် ဦးဝီရသူ၏ ဟောပြောချက်များမှာ အုပ်ချုပ် ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အစိုးရအဖွဲ့အစည်း၏ လုပ်ဆောင်ချက်များကို မလေးစားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်စေသည့် ပြောကြားချက်များပါသည်ဟုဆိုကာ တရားစွဲ ဆိုခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး၊ သတင်းပြန်ကြား ရေးအရာရှိ ဒုတိယခရိုင်တရားသူကြီးဦးမင်းသန့်က ဒီမိုကရေစီတူ ဒေးသို့ ပြောကြားထားသည်။

ပြောကြားချက်တွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို ပုတ်ခတ် စော်ကားသည့် စာသားများ ပါဝင် ကြောင်း ၎င်းင်းကပြောထားသည်။ ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့မှ သြဝါဒပေးရန်အစီအစဉ်ကို ဆိုင်းငံ့ထားပြီး ဆုံးမသြဝါဒပေးမည့်ရက်ကို အကြောင်းညီညွတ်သည့်အချိန်တွင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ဆုံးမသြဝါဒမေးမှုကို လိုက်နာခြင်းမရှိပါက သံဃာအဖွဲ့အစည်းဆိုင် ရာဥပဒေဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသာနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ထုတ်ပြန်ထားပြီး ဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ၁၂၄-က မှာ အကြည်ညိုပျက်အောင်ပြု လုပ်ခြင်းဖြစ်ပြီး ကျူးလွန်ကြောင်း ထင်ရှားပါက တစ်သက်တစ်ကျွန်း ဒဏ်အထိချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားသည်။ ဇူလိုင် ၂ ရက်သို့ရုံးချိန်း ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးရန်ရှိသည်။

No comments:

Post a Comment