Thursday, June 27, 2019

သြစတြေးလျကျောင်းသားတစ်ဦး မြောက်ကိုရီးယားတွင် ပျောက်ဆုံးနေ

 သြစတြေးလျကျောင်းသားတစ်ဦး မြောက်ကိုရီးယားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းကိစ္စကို အတည်ပြုနိုင်ရန် အားချင်း စုံစမ်းနေလျက် ရှိကြောင်း သြစတြေးလျအစိုးရက ဇွန်လ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ အလက်ခ် ဆစ်ဂလေး အမည်ရ အဆိုပါ သြစတြေးလျကျောင်းသားဟာ လက်ရှိမှာ မြောက်ကိုရီးယားမှာ ပျောက်ဆုံးနေလျက် ရှိတာဖြစ်ပြီး ゞင်းကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီလို့ ယုံကြည်ရပါတယ်။



အလက်ခ်ကတော့ မြောက်ကိုရီးယားရှိ ကင်အီဆောင်း တက္ကသိုလ်မှာ ကိုရီးယား ယဉ်ကျေးမှု ဘာသာရပ်ကို သင်ကြားနေတဲ့ ပြည်ပကျောင်းသားတွေအနက်က တစ်ဦးဖြစ်ပါတယ်။

ဒါဟာ ゞင်းဟာ မြောက်ကိုရီးယားကို ခရီးစဉ်လာရောက်မှုဆိုင်ရာ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုကို လုပ်ကိုင်နေသူဖြစ်တယ်လို့် သိရပါတယ်။

ပြီးခဲ့တဲ့ သုံးရက်လောက်က ဆိုရှယ်မီဒီယာပေါ်မှာ ゞင်း ပို့စ်တွေ တင်ပြီးနောက်ပိုင်း ပျောက်ကွယ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလတွေအတွင်း မြောက်ကိုရီးယားမှာ ခုလို နိုင်ငံခြားသားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်တွေ လည်း ပေါ်ပေါက်ထားခဲ့တာကြောင့် ယင်းနိုင်ငံကို မလိုအပ်ဘဲ ခရီးမသွားဖို့ ကင်ဘာရာက ယင်းရဲ့ နိုင်ငံသားတွေကိုတော့ သတိပေးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ တုန်းကလည်း အမေရိကန် ဗာဂျီးနီးယားတက္ကသိုလ်က ကျောင်းသား အော်တို ဝမ်ဘီးယားဟာ မြောက်ကိုရီးယားကို သွားရောက်စဉ်အတွင်း ဖမ်းဆီးထောင်ချခံရတဲ့ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ထားခဲ့ပါတယ်။ ゞင်းကတော့  ၂၀၁၇ ဇွန်လမှာ အမေရိကန်ကို ပြန်ရောက်ပြီး ရက်ပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

No comments:

Post a Comment