Thursday, June 27, 2019

ဘာစီလိုနာကွင်းလယ်လူ ဂိုမက်စ်ကိုအဲဗာတန်က ယူရို ၂၅ သန်းဖြင့် ခေါ်ယူ

အဲဗာတန်အသင်းက ဘာစီလိုမှ ပေါ်တူဂီကွင်းလယ်လူ အန်ဒရေးဂိုမက်စ်အား အပြီး သတ်ခေါ်ယူခဲ့သည်။ ဂိုမက်စ်သည် ယမန်နှစ်က အဲဗာတန်တွင် အငှားဖြင့်ကစား ပြီးနောက် အဲဗာတန်က ၎င်းကို ယူရို ၂၅ သန်းဖြင့် ခေါ်ယူခြင်းဖြစ် သည်။ပေါ်တူဂီဘောလုံးသမား ဂို မက်စ်ပြောင်းရွှေ့ရေး ဘာစီလိုနာ နှင့် အဲဗာတန်တို့ သဘောတူခဲ့ ကြောင်းနှင့် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း သတ်မှတ်ကြောင်း ဘာစီလိုနာက ထုတ်ပြန်ပြော ကြားသည်။ ဂိုမက်စ် (၂၅) နှစ်သည်၂၀၁၆ က ယူရို ၃၅ သန်းဖြင့် ဗ လင်စီယာမှ ဘာစီလိုနာသို့ရောက် ရှိပြီး စိတ်ပျက်စရာနှစ်ရာသီ ဖြတ် သန်းခဲ့ရကာ ယမန်နှစ်က အဲဗာ တန် သို့    လာရောက်ကစားခဲ့သည်။



‘‘အဲဗာတန်နဲ့ စာချုပ်လက် မှတ်ရေးထိုးနိုင်လို့ အရမ်းပျော်ပါ တယ်။ ဒါဟာ ခက်ခဲတဲ့ဆုံးဖြတ် ချက်မဟုတ်ဘဲ အလွယ်တကူပဲ ဆုံးဖြတ်နိုင်ခဲ့ပါတယ်’’ ဟု ဂို မက်စ်က အဲဗာတန်ရုပ်သံလိုင်း အား ပြောကြားသည်။

ပြီးခဲ့သော ရာသီသည်မိမိအ တွက် အတွေ့အကြုံကောင်းဖြစ် ပြီး ထူးခြားသောအရာတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်လိုကာ ယင်းကို အဲဗာတန်တွင် တွေ့ရှိခဲ့ သည်ဟု ဂိုမက်စ်က ပြောသည်။ ထိုအတောအတွင်း ဘာစီ လိုနာက လက်ထောက်ဂိုးသမား စီလက်ဆင်ကို ဗလင်စီယာသို့ ထွက်ခွာခွင့်ပြုထားပြီး ယင်းက စားသမား စာချုပ်ချုပ်ရန် ဗလင်စီ ယာသို့ ရောက်ရှိနေပြီဟု သတင်းများက ဖော်ပြသည်။ 

No comments:

Post a Comment